Thursday, August 6, 2020

ရန်ကုန်မှ ဘန်ကောက်သို့ မော်တော်ယာဉ်ဖြင့် ၉ နာရီကြာ သွားရောက်နိုင်တော့မည့်

ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီး စီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ ချေးယူသော အမေရိကန်ဒေါ်လာ ၄၈၃ ဒသမ ၈ သန်းဖြင့်လုပ်ဆောင်နေသည့်အကြောင်းနှင့် ယင်းစီမံကိန်းကတစ် ဆင့် ရန်ကုန်မှ ဘန်ကောက်ကို အချိန် ၉ နာရီတည်းဖြင့်ရောက်ရှိနိုင်ရန် အထောက် အပံ့ပြုမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ ဦးကျော်လင်းက ပြောသည်။
” လက်ရှိ ရန်ကုန်သီလဝါကနေ ဘန်ကောက်ထိ မော်တော်ယာဉ်နဲ့သွား မယ်ဆိုလျှင် ၁၆ နာရီခန့်ကြာမြင့်မှာဖြစ်ပါ တယ်။ ခရီးမိုင်အနေနဲ့ အရှည် ၅၇၀ ခန့် ရှိပါတယ်။ ဒီနေရာမှာ ထိုင်းနိုင်ငံသားတွေ အနေနဲ့ မြန်မာနိုင်ငံက ကျိုက်ထီးရိုးဘုရား ကြီးနဲ့ ရွှေတိဂုံဘုရားကြီးကို ဖူးမြော်ဖို့ဆန္ဒ ရှိသလို မြန်မာနိုင်ငံသားတွေကလည်း မြ ဘုရားကို ဖူးမြော်ချင်ကြတဲ့ဆန္ဒတွေ ရှိပါ တယ်။ ဒါကြောင့်မို့လို့ ရန်ကုန်-ဘန် ကောက်ခရီးစဉ်ကို ယာဉ်မောင်းချိန် ၉ နာရီနဲ့ရောက်ဖို့အတွက် ရန်ကုန် သီလဝါ ကနေ မြဝတီနယ်စပ်ထိ ၄ နာရီခွဲနဲ့ရောက် ရှိနိုင်ဖို့ ထိုနည်းတူပဲ ထိုင်းနိုင်ငံဘက်က လည်း မြဝတီမဲဆောက်နယ်စပ်ကနေ ဘန် ကောက်ထိ ၄ နာရီခွဲတည်းနဲ့ရောက်ရှိနိုင် အောင် (ADB) အစည်းအဝေးတွေမှာ နှစ် ဖက် ဆွေးနွေးဆောင်ရွက်ပါတယ်” ဟု ဒုဝန်ကြီး ဒေါက်တာဦးကျော်လင်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ် ကမ်းမှ ဘန်ကောက်ထိ ယာဉ်မောင်းချိန် ၉ နာရီတည်းဖြင့် အရောက်သွားရာတွင် မြို့များကို ဖြတ်သန်းသွား၍မရနိုင်သောကြောင့် မြို့ရှောင်လမ်းများကိုဖောက်လုပ် ခြင်းဖြစ်ကြောင်းနှင့် ယခုအခါ ဖောက်လုပ် ဆဲ မြို့ရှောင်လမ်းအချို့လည်း ပြီးစီးတော့ မည်ဖြစ်ကြောင်း သိရသည်။
” ရန်ကုန်မြို့ရဲ့ အရှေ့ဘက်အခြမ်းမှာ သန်လျင်၊ သုံးခွ၊ ခရမ်း၊သနပ်ပင်၊ ပဲခူး၊ ကျိုက်ထို စီးပွားရေးစင်္ကြံလမ်းမအသစ် ပေါ်ထွက်လာမှာဖြစ်ပြီးတော့ လက်ရှိဖွံ့ဖြိုး ပြီးဖြစ်နေတဲ့ ရန်ကုန်ထောက်ကြန့်၊ လှည်း ကူး၊ အင်းတကော်၊ ပဲခူးစင်္ကြံလမ်းပိုင်းနဲ့ဟန်ချက်ညီစွာ ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ ရန်ကုန် ထောက်ကြန့်၊ လှည်းကူး၊ အင်း တကော်၊ ပဲခူးစင်္ကြံလမ်းတစ်လျှောက် လမ်းဘေးဝဲယာမှာ တစ်စတုရန်းမိုင်ဆိုရင် လူဦးရေသုံးသောင်းတစ်ထောင်ထိ နေ ထိုင်တိုးတက်နေလို့ ဈေးဆိုင်တွေ လူနေ အိမ်တွေ စက်မှုလုပ်ငန်းတွေ ကုန်လှောင် ရုံတွေတိုး တက်နေတာကိုတွေ့ရမှာဖြစ်ပါ တယ်။ အဆိုပါလမ်းပိုင်းရဲ့ အကျိုးကျေးဇူး အနေနဲ့ ရန်ကုန်တိုင်း GDP သည် မြန်မာနိုင်ငံ GDP ရဲ့ ၃၃ ရာခိုင်နှုန်းထိ ပါဝင်နေတာကိုတွေ့ရမှာဖြစ်ပါတယ်” ဟု ဒုဝန်ကြီးကပြောသည်။
”အဆိုပြုစီမံကိန်းဖြစ်တဲ့ ပဲခူးကျိုက်ထို အမြန်လမ်းမကြီးပြီးစီးရင်တော့ လက် ရှိ ADB ချေးငွေဖြင့် လမ်းအဆင့်မြှင့်လုပ် ငန်းများ စတင်တော့မှာဖြစ်တဲ့ ရန်ကုန်မြို့ ရဲ့အရှေ့ဘက်စင်္ကြံသန်လျင်၊ သုံးခွ၊ ခရမ်း သနပ်ပင် ပဲခူးလမ်းနဲ့ ချိတ်ဆက်ပြီးတော့ သီလဝါဆိပ်ကမ်းထိ ခရီးသည်နဲ့ ကုန်စည် များ လွယ်လင့်တကူ လျင်မြန်စွာ သွား လာနိုင်တော့မှာဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ အရှေ့ဘက်စီးပွားရေးစင်္ကြံလမ်းမသစ် ကြီးဖြစ်လာမယ့် သန်လျင်၊ သီလဝါ၊ ခရမ်း၊ သုံးခွ၊ သနပ်ပင်၊ ကျိုက်ထိုလမ်းတစ် လျှောက် လမ်းဘေးဝဲယာတွင် စီးပွားရေး ဇုန်တွေ၊ သိုလှောင်ရုံတွေနဲ့ ကုန်းတွင်း ဆိပ်ကမ်း Dry Port တွေ ဖြစ်ပေါ်လာနိုင် ပြီးတော့ အဲဒီစင်္ကြံလမ်းတစ်လျှောက် မြန် မာနိုင်ငံအတွင်း အခြားဒေသမှလာရောက် သူများအတွက်ပါ အလုပ်အကိုင်အခွင့်အ လမ်းတွေ များစွာပေါ်ပေါက်လာမှာ ဖြစ်ပါ တယ်” ဟု ဒေါက်တာဦးကျော်လင်းက ပြောသည်။
crd-Pyi Myanmar #Myanmar_Online_News
>>Zawgyi<<
ရန်ကုန်မှ ဘန်ကောက်သို့ မော်တော်ယာဉ်ဖြင့် ၉ နာရီကြာသွားရောက်နိုင်တော့မည့်

0 comments:

Post a Comment