Thursday, August 6, 2020

ဆယ်တန်းအောင်စာရင်းထွက်မယ့်နေ့ ဇွဲကပင်တောင်အပါအဝင် တောင်(၃)လုံးမှာ လုံခြုံရေးတင်းကြပ်မတ်မည်

တက္ကသိုလ်ဝင်တန်းအောင်စာရင်းထွက်မယ့်နေ့ လာမယ့် သြဂုတ်လ(၉)ရက်နေ့မှာ ဇွဲကပင်တောင်အပါအဝင် တောင်(၃)လုံးမှာ လုံခြုံရေးကြပ်မတ်သွားမယ်လို့ ကရင်ပြည်နယ်မီးသတ်တပ်ဖွဲ့က သိရပါတယ်။
မလိုလားအပ်တဲ့ ဖြစ်စဉ်တွေမဖြစ်စေဖို့ အဲဒီနေ့ကနေ (၁၁) ရက်နေ့အထိ စောင့်ကြည့်ကူညီရေးစခန်းတွေချထားမှာဖြစ်ပါတယ်။
“မနက်(၅)နာရီခွဲကနေ ညနေ(၆) နာရီအထိ စခန်းတွေဖွင့်ထားမှာဖြစ်ပြီး မလိုလားအပ်တဲ့ ထူးခြားဖြစ်စဉ်တွေဖြစ်တဲ့အခါကျရင် ကျွန်တော်တို့က ကြိုပြီးတော့အတိုင်းအတာတစ်ခုထိ သိအောင်လို့ပေါ့နော်၊ ဒီလိုရက်တွေမှာ ခရီးသွားတွေများတဲ့အတွက် ကျန်းမာရေးမကောင်းတာတို့ဘာတို့ဆိုရင်လည်း ကူညီပေးလို့ရအောင်ပေါ့နော်”လို့ ကရင်ပြည်နယ်မီးသတ်တပ်ဖွဲ့၊ ဘားအံခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးသန့်ဇင်ဝင်းက ပြောပါတယ်။
စောင့်ကြည့်ရေးစခန်းတွေလုပ်ဖို့ ကရင်ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားထားတာဖြစ်ပြီး မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့အပါအဝင် စေတနာ့ဝန်ထမ်းတွေက အင်အား(၇ဝ)ကျော်နဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
“ကျွန်တော်တို့တွေက ငယ်ငယ်ကတည်းက သူများရဲ့အပြုအမူကို အတုခိုးပြီးကြီးပြင်းလာကြတဲ့အခါကျတော့ ကိုယ်ကလည်း Suicide လုပ်ချင်တဲ့စိတ်ပေါ်နေတယ်၊ ရှေ့ကလူတွေကလည်း ဒီနေရာမှာ အဲလိုလုပ်သွားဖူးတယ်ဆိုရင် ကိုယ့်ရဲ့မသိစိတ်က အဲဒီနည်းလမ်းကို သုံးချင်စိတ်ပေါ်လာတာပေါ့နော်။ ကျွန်တော်တို့နိုင်ငံကတော့ ဆယ်တန်းက ဘဝရဲ့အလှည့်အပြောင်းထဲမှာ အဓိကဆုံးဖြတ်ပေးတာဆိုတော့ အောင်စာရင်းထွက်တဲ့အချိန်ဆို သက်ရောက်မှုက ပိုပြီးကြီးမားတာပေါ့နော်။”လို့ စိတ်ကျန်းမာရေးအထူးကုဆရာဝန် ဒေါက်တာသက်ဇော်က ပြောပါတယ်။
စောင့်ကြည့်ရေးစခန်းတွေကိုတော့ ဇွဲကပင်တောင် အရှေ့ဘက်တောင်တက်လမ်း၊ အနောက်ဘက် တောင်တက်လမ်း၊ ကြာအင်းတောင်နဲ့ တောင်ဝိုင်းတောင်တွေရဲ့ တောင်ခြေမှာ ချထားမှာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေတုန်းကလည်း ဇွဲကပင်တောင်ပေါ်ကနေ အမျိုးသား (၁)ယောက်နဲ့ အမျိုးသမီး(၁)ယောက် ကိုယ့်ကိုကိုယ်အဆုံးစီရင်တယ်လို့ယူဆရတဲ့ သေဆုံးမှုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါသေးတယ်။
>>Zawgyi<<

0 comments:

Post a Comment