Monday, August 24, 2020

အိန္ဒိယတွင် ငါးထပ်အဆောက်အအုံ တစ်လုံးပြိုကျမှုကြောင့် လူ ၉၀ ထက်မနည်း ပိတ်မိနေကြောင်း သိရ

အိန္ဒိယနိုင်ငံတောင်ပိုင်း Maharashtra ပြည်နယ်မြို့တွင် အခန်းပေါင်း ၄၇ ခန်းရှိတဲ့ ၅ ထပ်တိုက် Apartment တိုက်ခန်းဟာ ဩဂုတ်လ ၂၄ ရက်နေ့ညနေပိုင်းက ရုတ်တရက်ပြိုကျမှုကြောင့် လူပေါင်း ၉၀ နီးပါးပိတ်မိကာကယ်ဆယ်ရေးအဖွဲ့ မှ လောလောဆယ် ၂၈ ဦးကိုတော့ဆွဲထုတ်နိုင်ပြီလို့ ရိုက်တာသတင်းတစ်ပုဒ်မှာဖော်ပြထားကြောင်း တွေ့ရှိရပါတယ် ။
အဆိုပါ နေရာသို့ Maharashtra ပြည်နယ်ဝန်ကြီးချုပ်ဦးစီးကာ ကယ်ဆယ်ရေးနှင့်ရှာဖွေရေးတပ်ဖွဲ့ဝင်များနှင့်အတူ အနံ့ခံခွေးများဖြင့် ပြိုကျပျက်စီးသွားအုတ်ပုံကြီးထဲတွင် ပိတ်မိနေတဲ့သူတွေကိုအပူတပြင်း မိုးရွာထဲ၌ရှာဖွေနေကြဆဲဖြစ်တယ်လို့သိရတယ် ။
ပြိုကျမှုဖြစ်ပွားခဲ့သော Maharashtra ပြည်နယ်သည် မြို့တော်မွမ်ဘိုင်းမြို့နှင့် ကီလိုမီတာ ၂၀၀ သာကွာဝေးပြီးတိုက်ပြိုကျမှုဖြစ်စဉ်ကြောင့်လူသေဆုံးမှုနှင့်ဒဏ်ရာရှိရမှုအခြေအနေကိုတော့မသိရှိရသေးကြောင်းသတင်းရရှိသည် ။
အဆိုပါ တိုက်ခန်း ၄၇ ခန်းပါတဲ့ ငါးထပ် အဆောက်အအုံဟာ ဩဂုတ် ၂၄ ရက် ညနေပိုင်းမှာ ပြိုကျခဲ့တာ ဖြစ်ပါတယ်။
မုတ်သုံမိုးက သည်းသည်းထန်ထန် ရွာနေတဲ့ကြားက ကယ်ဆယ်ရေးသမားတွေဟာ လူ ၂၈ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံး ဒဏ်ရာရသူ အရေအတွက်ကိုတော့ မသိရသေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။
မွမ်ဘိုင်းမြို့ တောင်ဘက် ၁၂၅ မိုင်အကွာက စက်မှုမြို့ မာဟဒ်မှာ ဒေသခံတွေလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းမှာ ပူးပေါင်းခဲ့ကြောင်းသိရပါတယ်။

0 comments:

Post a Comment