Friday, August 14, 2020

အရွယ်မရောက်သေးသူကို သားမယားပြုကျင့်ခဲ့တဲ့ တရုတ်နိုင်ငံသားအား ထောင်ဒဏ် ၃၂ နှစ် အမိန့်ချ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၂) ရပ်ကွက် အောက်ချိုင့်အနီးမှာရှိတဲ့ ဂိမ်းဆိုင်အလုပ်သမား အသက် (၁၄) နှစ်နဲ့ (၁၁)လ အရွယ်ရှိတဲ့ မိန်းကလေးတစ်ယောက်ကို ဂိမ်းဆိုင်ပိုင်ရှင် တရုတ်နိုင်ငံသားတစ်ဦးနဲ့ စကား ပြန်တစ်ဦးတို့ဟာ သားမယားအဖြစ် အတင်းအဓမ္မပြုကျင့်ခဲ့တယ်ဆိုတာကို စစ်ဆေးပေါ်ခဲ့တဲ့အတွက် မြဝတီခရိုင်တရားရုံးက သူတို့နှစ်ဦးကို အလုပ်နဲ့ ထောင်ဒဏ် (၃၂) နှစ်ကျခံစေဖို့ မနေ့သြဂုတ်လ ၁၃ ရက်နေ့က အ မိန့်ချမှတ်ခဲ့ပါတယ်။
မြဝတီမြို့မရဲစခန်းမှာ အမှုစစ်တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ “တရုတ်နိုင်ငံသား တရုတ်လူမျိုးက Mr . WANG WEI WEI အသက် (၂၈) နှစ်နဲ့ စကားပြန် သန့်ဇင်ဝင်း အ သက်(၄၀)နှစ် တို့ဖြစ်တယ် ၊ အမှုဖြစ်စဉ်က ၂၀၁၉ မတ်လမှာဖြစ်ပွားခဲ့တာပါ ၊ မြဝတီမြို့မရဲစခန်း (ပ) ၃၃၇/ ၂၀၁၉ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၆၃ / ၃၇၆ / ၁၁၄ အရ အမှုဖွင့်ပြီး ခရိုင်တရားရုံးမှာ တရားစွဲဆိုထားတာဖြစ်တယ် ” လို့ပြောပါတယ်။
အဲ့ဒီအမှုကို မြဝတီခရိုင်တရားရုံးက အချိန်တစ်နှစ်ကျော်ကြာ နှစ်ဘက်ကြားနာစစ်ဆေးခဲ့ပြီး တရုတ်နိုင်ငံ သားတစ်ဦးနဲ့ စကားပြန်တစ်ဦးတို့ဟာ အရွယ်မရောက်သေးသူကို အုပ်ထိန်းသူရဲ့ ထိန်းသိမ်းမှုအောက်မှာရှိနေချိန်ခိုးယူမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၃၆၃ အရ အလုပ်နှင့်ထောင်ဒဏ် (၅) နှစ်၊ ကာမစပ်ယှက်စေရန်အကြံဖြင့် သွေးဆောင်ဆွဲခေါ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၆ အရ အလုပ်နှင့် ထောင်ဒဏ် (၇) နှစ် နဲ့ အလိုမတူ ငြင်းဆန်လျက် အတင်းအဓမ္မ သားမယားအဖြစ်ပြုကျင့်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ အလုပ်နှင့်ထောင်ဒဏ် (၂၀) နှစ် အသီးသီး ကျခံစေဖို့အတွက် အမိန့်ချခဲ့တယ်လို့ သိရပါတယ်။
Ref ; Voice of Myanmar

0 comments:

Post a Comment