Sunday, August 16, 2020

ပဲခူးရွှေမော်ဓော်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူမည်

ပဲခူမြို့ရှိ ဆုတောင်းပြည့် ပဲခူးရွှေမော်ဓော်စေတီတော်မြတ်ကြီးအား ဩဝါဒါစရိယ ဆရာတော် ကြီးများ၏ ဩဝါဒကိုခံယူပြီး ဆဌမအကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ၂၀၂၀ ခုနှစ် ဩဂုတ်လမှ ၂၀၂၁ ခုနှစ် မတ်လကုန်အထိ လုပ်ငန်းဆောင်ရွက်သွားရန် သတ်မှတ်လျာထားကြောင်း သိရသည်။
ရွှေမော်ဓောစေတီတော်မြတ်ကြီးအား စတင်တည်ထားကိုးကွယ်ခဲ့သည့် မဟာသက္ကရာဇ် (၁၀၉) ခုနှစ်မှ စတင်ရေတွက်သော် ယခုအချိန်တွင်သက်တမ်း ၂၆၀ဝ ကျော်‌နေပြီဖြစ်ပြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ် လှူခြင်းကို ၁၈၉၈ခုနှစ်တွင်ပထမအကြိမ်၊ ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၂၀ဝ၄ ခုနှစ်တွင်တတိယအ ကြိမ်၊၂၀၁၀ ခုနှစ်တွင် စတုတ္ထအကြိမ်၊ ၂၀၁၅ ခုနှစ်တွင်ပဉ္စမအကြိမ်ဟူ၍ (၅)ကြိမ်အထိ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ခဲ့သည်ဟု ဂေါပကအဖွဲဝင် တစ်ဦးကပြောသည်။
crd-Pyi Myanmar #Myanmar_Online_News
>>zawgyi<<
ပဲခူးရွှေမော်ဓော်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူမည်

ပဲခူမြို့ရှိ ဆုတောင်းပြည့် ပဲခူးရွှေမော်ဓော်စေတီတော်မြတ်ကြီးအား ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူပြီး ဆဌမအကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ၂၀၂၀ ခုနှစ် ဩဂုတ်လ မှ ၂၀၂၁ ခုနှစ် မတ်လကုန်အထိ လုပ်ငန်းဆောင်ရွက်သွားရန် သတ်မှတ်လျာထားကြောင်း သိရသည်။
ရွှေမော်ဓောစေတီတော်မြတ်ကြီးအား စတင်တည်ထားကိုးကွယ်ခဲ့သည့် မဟာသက္ကရာဇ် (၁၀၉) ခုနှစ်မှ စတင်ရေတွက်သော် ယခုအချိန်တွင်သက်တမ်း ၂၆၀ဝ ကျော်‌နေပြီဖြစ်ပြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ် လှူခြင်းကို ၁၈၉၈ခုနှစ်တွင်ပထမအကြိမ်၊ ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၂၀ဝ၄ ခုနှစ်တွင်တတိယအ ကြိမ်၊၂၀၁၀ ခုနှစ်တွင် စတုတ္ထအကြိမ်၊ ၂၀၁၅ ခုနှစ်တွင်ပ ဉ္စမအကြိမ်ဟူ၍ (၅)ကြိမ်အထိ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ခဲ့သည်ဟု ဂေါပကအဖွဲဝင်တစ်ဦးကပြောသည်။
crd-Pyi Myanmar #Myanmar_Online_News

0 comments:

Post a Comment