Monday, August 10, 2020

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တနိုင်းမြို့နယ်၊ ဗန်းမောက်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများနှင့် ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်တရားခံကိုလည်း မူးယစ်ဆေးဝါးများနှင့်အတူ ထပ်မံဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ကချင်ပြည်နယ်၊ တနိုင်း မြို့နယ်တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်တရားခံအား ဖားကန့်မြို့နယ်တွင် မူးယစ်ဆေးဝါးများ နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၈ ရက်နေ့ ၁၃၁၅ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ တနိုင်းမြို့နယ်၊ မြစ်ကြီးနား-တနိုင်း သွားကားလမ်းတွင် မြစ်ကြီးနားမြို့ဘက်မှ တနိုင်းမြို့ဘက်သို့ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ ရှဒူဇွပ်ကျေးရွာနေ ချစ်ကိုကို(ခ)စုတ်ဖွား(ခ)သားကြီး ၃၂ နှစ် စီးနင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင်တင်ဆောင်လာသော ဆာလာအိတ်အတွင်းမှ ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၆၇၅ ဂရမ်(ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၅၂၅.၆ သိန်း)နှင့် ကျောပိုးအိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့် ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၇၄၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၂၂ သိန်း)တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ပေါ်ပေါက်ချက်အရ အဆိုပါမူးယစ်ဆေးဝါးများအားရောင်းချသူ ရှဒူဇွပ်ကျေးရွာ နေ မဘန်မွန်း(ခ)မာဘွတ် ၂၆ နှစ်၏နေအိမ်အား ၁၈၀၀ အချိန်တွင် ဆက်လက်ရှာဖွေရာ ၎င်းအားနေအိမ်တွင် တွေ့ရှိပြီး ၎င်းထိုင်နေသည့်ဘေးရှိကော်ပုံးအတွင်းမှ ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၁၉၀ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၈၀.၅ သိန်း)၊ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၃၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုများရေးဖွင့်ပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိ သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင် ဘိန်းစိမ်းများဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးရာမှ ဘိန်းစိမ်းများ ထပ်မံဖမ်းဆီးရမိမှု
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သြဂုတ်လ ၈ ရက်နေ့ ၁၇၀၀ အချိန်တွင် ဗန်းမောက်မြို့နယ်၊ ပင်ပုံရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ ဗန်းမောက်မြို့နယ်၊ ပါးပျဉ်းခန်းကျေးရွာအနီးတွင် နောင်ကန်ကျေးရွာဘက်မှ ဗန်းမောက်မြို့နယ်၊ ကနန်းနန်းဇားကျေးရွာနေ အောင်စိုး ၃၆ နှစ် စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖေွရာ ဆိုင်ကယ်ခွကြားတွင်တင်ဆောင်လာသော ဘိန်းစိမ်းအလေးချိန် ၇.၅ ကီလို(ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၂၂၅ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ပေါ်ပေါက်ချက်အရ အဆိုပါဘိန်း စိမ်းများအားရောင်းချသူ ကနန်းနန်းဇားကျေးရွာနေ ဘရီ(ခ)နောက်ပေါ် နှင့် မခင်မာရီ ၂၄ နှစ်တို့၏နေအိမ်အား ၁၈၃၀ အချိန်တွင် ဝင်ရောက်ရှာဖွေရာ နေအိမ်တွင် မခင်မာရီအားတွေ့ရှိပြီး နေအိမ်ဘေးရှိထင်းပုံအောက် မြေကြီး အတွင်းမှ ဘိန်းစိမ်းအလေးချိန် ၁၂ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၃၆၀ သိန်း)အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် ဗန်းမောက်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုများရေးဖွင့်ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment