Wednesday, August 5, 2020

မိုးသည်းထန်စွာရွာသွန်းပြီး ရထားလမ်းရေကျော်နေသဖြင့် ရန်ကုန်-မန္တလေးရထား ခရီးစဉ် ယာယီပိတ်ထားရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် တော်ဝိဘူတာနှင့် ပိန်းဇလုပ်ဘူတာကြား မိုင်တိုင်အမှတ် ၉၈/ ၅-၁၅ ကြားရှိ တံတားအမှတ် (၁၃၆)တွင် ယမန်နေ့ရက်များကမိုးသည်းထန်စွာရွာသွန်းခဲ့ရာ ရထား လမ်းရေကျော်တိုက်စားမှုဖြစ်ခဲ့သည့်အတွက် ရန်ကုန် - မန္တလေး ရထားခရီးစဉ်ကို ယာယီပိတ်ထားရကြောင်း မြန်မာ့မီးရထား တိုင်း ၇ က သိရသည်။
ဩဂုတ်လ ၄ ရက် နံနက် ၈ နာရီ ၂၁ မိနစ်မှစ၍ ရထားလမ်း ပိတ်ထားခဲ့ရပြီး ရေကျော်နေသည့်နေရာသို့ မြန်မာ့မီးရထားရုံးချုပ် တာဝန်ရှိသူများနှင့် အမှတ်(၆)တိုင်းမှ တာဝန်ရှိသူများ ရောက်ရှိခဲ့ပြီး စစ်ဆေးရာ ပြန် လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ယနေ့ ရန်ကုန်-မန္တလေးခရီးစဉ် ပြေးဆွဲမည့် အမှတ်(၅) အဆန် အမြန်ရထားနှင့် အမှတ် (၃)အဆန်အမြန်ရထားခရီးစဉ်တို့ကို ယာယီဖျက်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
ခရီးစဉ်ဖျက်သိမ်းခဲ့ရသည့်အတွက် လက်မှတ်ခငွေများကို ပြန်အမ်းပေးသွားမည်ဖြစ်ကြောင်းနှင့် ရထားလမ်းပိုင်း အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြန်မာ့မီးရထား တာဝန်ရှိသူများမှ ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။
Ref ; Pyi Myanmar

0 comments:

Post a Comment