Thursday, August 6, 2020

သာသာရေးအငြင်းပွားရာ မြေပေါ်မှ ဟိန္ဒူဘုရာကျောင်းအုတ်မြစ်ချပွဲ အိန္ဒိယဝန်ကြီးချုပ်တက် ရောက်

အိန္ဒိယနိုင်ငံ၊ အယို့ဟယာမြို့က မွတ်ဆလင်-ဟိန္ဒူဘာသာဝင်များအကြား နှစ်ဆယ်ချီအငြင်းပွားဘာသာ ရေးမြေပေါ်တွင် ဟိန္ဒူ ဘုရားကျောင်းစတင်ဆောက်လုပ်ရန် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ဗုဒ္ဓဟူး နေ့တွင် အုတ်မြစ်ချပေးခဲ့ကြောင်း သိရသည်။
“ဘုရားကျောင်းဟာ အိန္ဒိယယဉ်ကျေးမှုမှာ ခေတ်သစ်သင်္ကေတဖြစ်လာမှာပါ။ ပြည်သူသန်းပေါင်းရဲ့ ညီညွတ်မှုပြယုဂ်ဖြစ်လာမှာပါ။” ဟု ဝန်ကြီးချုပ်မိုဒီကပြောသည်။
မိုဒီ၏ဟိန္ဒူအမျိုးသားရေးပါတီ BJP အထွေထွေအတွင်းရေးမှူး ရမ် မက်ဒက်ဗ်က ဘုရားကျောင်းအုတ်မြစ်ချ ခဲ့ခြင်းကို နိုင်ငံရေးကိစ္စတစ်ရပ်ဟု မမြင်ကြောင်း ရုပ်သံတွေ့ဆုံမေးမြန်းခန်းတစ်ခုတွင်ပြောသည်။
ကတ်ရှ်မီးယားဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်မှ ရုတ်သိမ်းခြင်းတစ်နှစ်ပြည့်နေ့နှင့် အုတ်မြစ်ချေ သာနေ့တိုက်ဆိုင်နေသဖြင့် အိန္ဒိယနိုင်ငံကို ဟိန္ဒူနိုင်ငံအဖြစ်ပြောင်းလဲရန် မိုဒီက စီစဉ်နေသည်ဟု ဝေဖန်မှုများရှိနေသည်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာမှာ အိန္ဒိယတရားရုံးချုပ်က အငြင်းပွားမြေပေါ်တွင် ဟိန္ဒူဘုရားကျောင်း တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကာ ထိုမြေပေါ်တွင် တည်ရှိပြီးသားဗလီကိုဖျက်ပြီး ဟိန္ဒူဘုရားကျောင်းတည်ဆောက်ရေးစည်းရုံးလှုံ ဆော်မှုစတင်ခဲ့ပြီး ထိုအချိန်မှစ၍ BJP ပါတီပေါ်ပေါက်လာသည်။
၁၉၉၂ ခုနှစ်တွင် ဟိန္ဒူဘာသာဝင်တစ်ယောက်က ထိုဗလီကိုဖျက်ရန်ကြိုးစားရာမှာ အကြမ်းဖက်မှုများဖြစ်ပွားပြီး မွတ်ဆလင်အများစုပါဝင်သည့်လူ ၂၀၀၀ ခန့်သေဆုံးခဲ့သည်။ ထိုဖြစ်ရပ်နှင့်ဆက်စပ်၍ BJP ပါတီတာဝန်ရှိသူတချို့လည်း ထောင်ကျခဲ့သည်။
crd-PeopleMedia #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment