Monday, August 24, 2020

ပါတီစည်းရုံးရေးဆင်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဇမ္ဗူသီရိမြို့နယ်က အမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှာ သြဂုတ်လ ၁၉ ရက်နေ့ကို နိုင်ငံတော်ကထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်ကို ဖောက်ဖျက်ကျူးလွန်ပြီး ပါတီစည်းရုံးရေးဆင်းခဲ့တဲ့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဇမ္ဗူသီရိမြို့နယ်က အမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
နေပြည်တော်၊ လယ်ဝေးမြို့မှာနေထိုင်ပြီး သံပန်းသံတံခါးလုပ်ကိုင်နေတဲ့ ထွန်းမြင့်အောင်က အခုလိုအမှုဖွင့်ထားတဲ့အကြောင်းကို “ဇမ္ဗူသီရိမြို့နယ်ရဲစခန်းရယ် ၊ ဇမ္ဗူသီရိမြို့နယ်မှူးရယ်၊ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ရယ်တိုင်ထားတယ်၊ ဘယ်ပါတီမှ ဝင်မထားဘူး၊ ပြည်သူတစ်ယောက်အနေနဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ လုပ်တာပါ” လို့ ကိုထွန်းမြင့်အောင်ကပြောပါတယ်။
ဇမ္ဗူသီရိမြို့နယ်က အမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်အရေးယူထားတာကို ရဲစခန်းကနေ ရဲအရေးမပိုင်တဲ့အတွက် တရားရုံးကို ဦးတိုက်လျှောက်ဖို့ ညွန်ကြားလိုက်တယ်လို့ ရဲစခန်းကနေ သိရပါတယ်။
>>zawgyi<<

0 comments:

Post a Comment