Thursday, August 13, 2020

တပ်မတော်ကာကွယ်ရေးဦးစီချုပ် နှင့် ရွေးကောက်ပွဲဝင်ကြမည့် ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ(၃၀) တွေ့ဆုံမည်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲဝင်ကြမည့် ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ(၃၀) သည် ယနေ့ သြဂုတ်လ (၁၄)ရက် နေ့လည်(၁)နာရီအချိန်၌ နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၌ တွေ့ဆုံရန်ရှိကြောင်း နိုင်ငံရေးပါတီအချို့က အတည်ပြုပြောဆိုထားကြောင်းသိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းရေးပြည်ရေး၊ ငြိမ်းချမ်းရေး၊ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး အမြန်ပေါ်ပေါက်ရေးများ ဆွေးနွေးကြမည်ဖြစ်ပြီး ဖိတ်ကြားခြင်းကို တပ်မတော်က တိုက်ရိုက်ဖိတ်ကြားခြင်းမရှိဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဖိတ်ကြားခြင်းဖြစ်ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲအတွက် ဖိတ်ကြားထားသည့် ပါတီများတွင် ၈၈ကျောင်းသားခေါင်းဆောင်း အများစုပါဝင်သည့် ပြည်သူ့ပါတီ(PP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ( PPP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)နှင့် လက်ရှိအာဏာရ ပါတီNLDတို့မပါဝင်ကြောင်းသိရသည်။

0 comments:

Post a Comment