Monday, August 24, 2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်

၁။ မြန်မာနိုင်ငံတွင် Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်လျင်မြန်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် တပ်မတော်အနေဖြင့် နိုင်ငံတကာစံနှုန်းအတိုင်း နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ မေလ(၁၀) ရက်မှ ဩဂုတ်လ (၃၁) ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားကြောင်းနှင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နိုင်ငံ့အရေး၊ အမျိုးသားရေးအဖြစ် အင်တိုက်အားတိုက် ထိထိရောက်ရောက် ဆက်လက်ပါဝင်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မေလ ၉ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
၂။ ကမ္ဘာအနှံ့တွင် COVID-19 ကမ္ဘာ့ကပ်ရောဂါနှင့်ရင်ဆိုင်နေရသောကြောင့် ကမ္ဘာတစ်ဝန်း လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ပေးကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်နေ့တွင် တိုက်တွန်းပြောကြားခဲ့ပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ Appeal for Global Ceasefire ကို ထုတ်ပြန်ခဲ့ပါသည်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ Appeal for Global Ceasefire ကို ထောက်ခံသည့်အနေဖြင့် COVID-19 ရောဂါကာလအတွင်း လူသားချင်းစာနာထောက်ထားမှုအကူညီများပေးနိုင်ရန်အတွက် လက်နက်ကိုင်ပဋိပက္ခတွင်သက်ဆိုင်သူများ အားလုံးအနေဖြင့် အနည်းဆုံးရက် ၉၀ ကြာ အပစ်အခတ်ရပ်စဲရန်နှင့် COVID-19 ရောဂါတုံ့ပြန်ရေး အကူအညီပေးရန် အပါအဝင်ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့တွင်ဆုံးဖြတ်ခဲ့ပါသည်။ မိမိတို့နိုင်ငံအနေဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်ကာ နိုင်ငံတကာကျင့်ဝတ်များနှင့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အပေါ် လိုက်နာရန်တာဝန်ရှိပြီး အခြားနိုင်ငံများနည်းတူ လိုက်နာကျင့်သုံးလျက်ရှိပါသည်။
၃။ ထို့အပြင် တပ်မတော်အနေဖြင့်လည်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နိုင်ငံ့အရေး၊ အမျိုးသားရေးတာဝန်အဖြစ် အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို ဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်အနေဖြင့် နိုင်ငံတကာစံနှုန်းအတိုင်း နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ တိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။
>>zawgyi<<
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်
Monday, August 24, 2020
၁။ မြန်မာနိုင်ငံတွင် Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်လျင်မြန်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်အနေဖြင့် နိုင်ငံတကာစံနှုန်းအတိုင်း နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ မေလ(၁၀) ရက်မှ ဩဂုတ်လ (၃၁) ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားကြောင်းနှင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နိုင်ငံ့အရေး၊ အမျိုးသားရေးအဖြစ် အင်တိုက်အားတိုက် ထိထိ ရောက်ရောက် ဆက်လက်ပါဝင်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မေလ ၉ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
၂။ ကမ္ဘာအနှံ့တွင် COVID-19 ကမ္ဘာ့ကပ်ရောဂါနှင့်ရင်ဆိုင်နေရသောကြောင့် ကမ္ဘာတစ်ဝန်း လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ပေးကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်နေ့တွင် တိုက်တွန်းပြောကြားခဲ့ပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ Appeal for Global Ceasefire ကို ထုတ်ပြန်ခဲ့ပါသည်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ Appeal for Global Ceasefire ကို ထောက်ခံသည့်အနေဖြင့် COVID-19 ရောဂါကာလအတွင်း လူသားချင်းစာနာထောက်ထားမှုအကူညီများပေးနိုင်ရန်အတွက် လက်နက်ကိုင်ပဋိပက္ခတွင်သက်ဆိုင်သူများ အားလုံးအနေဖြင့် အနည်းဆုံးရက် ၉၀ ကြာ အပစ်အခတ်ရပ်စဲရန်နှင့် COVID-19 ရောဂါတုံ့ပြန်ရေး အကူအညီပေးရန် အပါအဝင်ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့တွင်ဆုံးဖြတ်ခဲ့ပါသည်။ မိမိတို့နိုင်ငံအနေဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်ကာ နိုင်ငံတကာကျင့်ဝတ်များနှင့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အပေါ် လိုက်နာရန်တာဝန်ရှိပြီး အခြားနိုင်ငံများနည်းတူ လိုက်နာကျင့်သုံးလျက်ရှိပါသည်။
၃။ ထို့အပြင် တပ်မတော်အနေဖြင့်လည်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နိုင်ငံ့အရေး၊ အမျိုးသားရေးတာဝန်အဖြစ် အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို ဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်အနေဖြင့် နိုင်ငံတကာစံနှုန်းအတိုင်း နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ တိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။

0 comments:

Post a Comment