Wednesday, August 26, 2020

ပြည်ပခရီးစဉ် ပျံသန်းပြေးဆွဲခြင်းအား စက်တင်ဘာလ (၃၀)ရက်နေ့အထိ ဆက်လက်ရပ်ဆိုင်း

စင်ကာပူ၊ ဘန်ကောက်၊ချင်းမိုင် နှင့် ဟောင်ကောင်ခရီးစဉ် ပျံသန်းပြေးဆွဲခြင်းအား စက်တင်ဘာလ (၃၀)ရက်နေ့အထိ ဆက်လက်ရပ်ဆိုင်းကြောင်း မြန်မာ့လေကြောင်းက ကြေညာသည်။
ယခင် ၂၀၂၀ ခုနှစ် ဩဂုတ်လ (၃၁) ရက်နေ့ အထိရပ်ဆိုင်းထားမှုအားစက်တင်ဘာလ (၃၀)ရက်နေ့ အထိ ထပ်မံတိုးမြှင့် ၍ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှုများအား ကာကွယ်ရန် အတွက်ဖြစ်သည်ဟု လေကြောင်းလိုင်းကဆိုသည်။
ရပ်ဆိုင်းလိုက်သည့်ကာလအတွင်းဝယ်ယူထားသောလေယာဉ်လက်မှတ်များအား Full Refund နှင့် Free Date Change ပြုလုပ်ပေးမည်ဖြစ်ကာAgent မှ ဝယ်ယူထားသောခရီးသည်များအနေဖြင့် ထို agent မှတစ်ဆင့် refund ပြန်လည်ထုတ်ယူနိုင်ပြီး website မှ ဝယ်ယူထားပါက contactus@flymna.com သို့ email ပေးပို့၍ refund ပြန်လည်ရယူနိုင်ကြောင်းလေကြောင်းလိုင်းကကြေညာထားသည်။
Ref ; Popolay

0 comments:

Post a Comment