Saturday, August 22, 2020

စစ်တွေသို့ လေကြောင်းခရီးစဉ်ပျံသန်းနေသည့် ပြည်တွင်းလေကြောင်းလိုင်းများနှင့်မော်တော်ကား ယာဉ်လိုင်းများ ခရီးစဉ် အကြိမ်ရေလျှော့ခြင်းနှင့် ယာယီရပ်နားခြင်းများပြုလုပ်


COVID-19 ပိုးတွေ့လူနာအများဆုံး တွေ့ရှိနေသည့် စစ်တွေမြို့သို့ လေကြောင်း ခရီးစဉ်ပျံသန်းနေသည့် ပြည်တွင်းလေကြောင်းလိုင်းများအနေဖြင့် ခရီးစဉ်ပျံသန်းမှု အကြိမ်ရေလျှော့ချခြင်း၊ ယာယီရပ်နားထားခြင်းများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။
နိုင်ငံတွင်း ပျံသန်းနေသည့် ပြည်တွင်းလေကြောင်းလိုင်း ငါးခုဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း၊ Air KBZ၊ Golden Myanmar၊ မန်းရတနာပုံနှင့် Air Thanlwin စသည့် လေကြောင်းလိုင်းများအားလုံးသည် ရန်ကုန်မြို့အခြေပြု၍ စစ်တွေမြို့သို့ လေကြောင်းခရီးစဉ်များ ချိတ်ဆက်ပျံသန်းနေခြင်းဖြစ်သည်။
လက်ရှိတွင် စစ်တွေမြို့၌ COVID-19 ပိုးတွေ့လူနာများ အများဆုံးတွေ့ရှိနေသည့်အတွက် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းဖြင့် လာရောက်မည့် ခရီးသွားများအားလုံးသည် ရန်ကုန်မြို့တွင် Quarantine ၂၁ ရက် ဝင်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။ သို့ဖြစ်၍ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ပျံသန်းနေသည့် ပြည်တွင်းလေကြောင်းလိုင်းများအားလုံးမှာ ခရီးစဉ်ပျံသန်းမှု အကြိမ်ရေလျှော့ချခြင်း၊ ခရီးစဉ်ပျံသန်းမှုအား ယာယီရပ်နားမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။
နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်- စစ်တွေ- ရန်ကုန် ခရီးစဉ်ပျံသန်းမှုကို သြဂုတ် ၂၀ ရက်နေ့မှ စတင်ကာ စက်တင်ဘာ ၅ ရက်အထိ ယာယီရပ်နားထားကြောင်း သိရသည်။ သို့ဖြစ်၍ Refund လျှောက်ထားမည်ဆိုပါက Flight Cancel ဖြစ်ပြီးသား လက်မှတ်များကို Full Refund လျှောက်ထားနိုင်ကြောင်း သိရသည်။
မန်းရတနာပုံလေကြောင်းက ရန်ကုန်- စစ်တွေ-ရန်ကုန် ခရီးစဉ်ပျံသန်းမှုကို သြဂုတ် ၂၀ ရက်မှစတင်ကာ စက်တင်ဘာလကုန်အထိ ယာယီရပ်နားထားကြောင်း သိရသည်။ Air Thanlwin လေကြောင်းလိုင်းက ရန်ကုန်-စစ်တွေ-ရန်ကုန် ခရီးစဉ်ပျံသန်းမှုကို ရန်ကုန်-စစ်တွေ-ရန်ကုန်ခရီးစဉ် ပျံသန်း မှုကို သြဂုတ် ၂၀ ရက်မှ သြဂုတ် ၃၁ ရက်အထိ ရပ်နားထားကြောင်း သိရသည်။
Golden Myanmar လေကြောင်းလိုင်းက ရန်ကုန်-စစ်တွေ-ရန်ကုန် ခရီးစဉ် ပျံသန်းမှုကို သြဂုတ် ၂၂ ရက်မှ သြဂုတ် ၃၁ ရက်အထိ ရပ်နားထားကြောင်း သိရသည်။ Air KBZ လေကြောင်းလိုင်းကမူ ရန်ကုန်-စစ်တွေ-ရန်ကုန်ခရီးစဉ်အား ယခင်က နေ့စဉ်ပျံသန်းနေခြင်းဖြစ်ပြီး လက်ရှိတွင် ခရီးစဉ်ပျံသန်းမှု အကြိမ်ရေအား လျှော့ချပျံသန်းနေပြီး၊ လတ်တလောတွင် ရန်ကုန်-စစ်တွေ ခရီးစဉ်အား ကြိုတင်လက်မှတ်ရောင်းချခြင်း ရပ်နားထားကြောင်း သိရသည်။
ရခိုင်ပြည်နယ်တစ်ခုလုံးတွင် သြဂုတ် ၂၁ ရက် နံနက်အထိ COVID-19 ပိုးတွေ့လူနာ ၃၅ ဦးအထိ ရှိလာပြီး စစ်တွေမြို့တစ်မြို့လုံးကို Terminal 3 Gate 4 ပြုလုပ်ထားကာ လိုက်နာခြင်းမရှိပါက ကူးစက်ရောဂါများ နှိမ်နှင်းရေးဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်တွင်း ထွက်ခွာ/ ဆိုက်ရောက် အဆောင်၌ အမိုးအကာသစ်တစ်ခု တိုးချဲ့ဆောက်လုပ်နေခြင်းကြောင့် Terminal 3 Gate 4 အား သြဂုတ် ၃၁ ရက်အထိ ဆက်လက်ပိတ်ထား မည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်မှ သတင်းရရှိသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်တွင်း ထွက်ခွာ/ ဆိုက်ရောက် အဆောင်၌ အမိုးအကာသစ်တစ်ခု တိုးချဲ့ဆောက်လုပ်မည်ဖြစ်၍ သြဂုတ် ၁၀ ရက်အထိ Terminal 3 Gate 4 အား ယာယီပိတ်ထားပြီးဖြစ်သည်။
ရန်ကုန်လေဆိပ်အသုံးပြုသူ ပြည်တွင်း ခရီးသည်များ ပိုမိုအဆင်ပြေစေရန် Terminal 3 Gate 4 တွင် အမိုးအကာ အသစ်တစ်ခု တိုးချဲ့ ဆောက်လုပ်သွားမည်ဖြစ်၍ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၄ ရက်မှ သြဂုတ် ၁၀ ရက်အထိ Terminal 3 Gate 4 အား ယာယီပိတ်ထားမည် ဖြစ်ကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်က သတင်းထုတ်ပြန်ခဲ့သည်။
ထို့ပြင် ရန်ကုန်-စစ်တွေပြေးဆွဲနေတဲ့ ခရီးသည် ပို့‌ဆောင်‌ရေး ယာဉ်လုပ်ငန်းတချို့ကတော့ ယာဉ်မောင်း‌‌ရော ခရီးသည်ပါ Quarantine ဝင်ရမှာကြောင့် ခရီးသည် ပို့ဆောင်တာကို‌တော့ ပိတ်လိုက်ကြောင်း သိရပါတယ်။


Crd : EMG

0 comments:

Post a Comment