Thursday, August 13, 2020

ရေပေါက်ကာ ကျောက်တွင်းပြိုကျမှုကြောင့် မိုးကုတ်တွင် လူခုနစ်ဦးပိတ်မိပြီး နှစ်ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ ကျောက်ပြသာဒ်ကျေး ရွာရှိ ကျောက်မျက်လုပ်ကွက် တစ်ခုတွင် တွင်းပြိုကျကာ တွင်းလုပ်သားခုနစ်ဦးပိတ်မိခဲ့ပြီး ထိုအထဲမှ နှစ်ဦးသေဆုံးခဲ့ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
သြဂုတ် ၁၂ ရက် နေ့လယ်က ကျောက်ပြသာဒ်ကျေးရွာရှိ တွင်းအနက် ပေနှစ်ရာကျော်ရှိ သော လူးလက်ကြားအတွင်း ရေပေါက်ကာ တွင်းပြိုကျပြီး တွင်းလုပ်သားများ ပိတ်မိခဲ့ခြင်းဖြစ် သည်။ ငါးဦးမှာ ချက်ချင်းလွတ် မြောက်ခဲ့ပြီး သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းများကို ညနေ ၆ နာရီခန့်တွင် သယ်ထုတ်နိုင်ခဲ့ကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။ သြဂုတ် ၁၁ ရက်ကလည်း မိုးကုတ်မြို့ လယ်ဦးရပ်ကွက်ရှိ ဓာတ်တော်ပြန့်လုပ်ကွက်တွင် ကျောက်ရှာရန် ယမ်းခွဲရာမှ ကျောက်တွင်းနံရံပြိုကျခဲ့ရာ လုပ်သားသုံးဦး ပိတ်မိခဲ့ပြီး တစ်ဦးသေ ဆုံးခဲ့သည်။ ထို့ကြောင့် မိုးကုတ် တွင် နှစ်ရက်အတွင်း ကျောက်တွင်းပြိုကျ၍ လူသုံးဦးသေဆုံးခဲ့ သည်။မိုးကုတ်တွင် ကျောက်မျက် ရှာဖွေသော ကျောက်တွင်းများကို ယမ်းခွဲ၍ ရှာဖွေရပြီး ထိုကဲ့သို့ရှာ ဖွေမှုကြောင့် တွင်းပြိုမှုများနှင့် မတော်တဆခဲကျကာ သေဆုံး၊ ထိခိုက်ဒဏ်ရာရမှုများရှိသည်။
ကျောက်မျက်လုပ်ကွက်များ နှင့်ပတ်သက်၍ တရားဝင်လုပ် ဆောင်နိုင်ရန် မန္တလေးတိုင်းဒေသ ကြီးလွှတ်တော်က အသေးစားနှင့် လက်လုပ်လက်စားကျောက်မျက်ရတနာဥပဒေကို သြဂုတ် ၁၂ ရက်က ပြဋ္ဌာန်းခဲ့သည်။
Crd : 7days

0 comments:

Post a Comment