Wednesday, August 5, 2020

မူဆယ်မြို့၊ နမ့်ဆန်ဂိုဒေါင်ရွာအနီး၌ ကျွန်းသစ် ၄၉ တန် ဖမ်းဆီးရမိ

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက် လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယမန်နေ့ညနေ ၄ နာရီခွဲတွင် သတင်းအရ သွားရောက်စစ်ဆေးရာနမ့်ဆန်ဂိုဒေါင်ရွာ၏ အနောက်ဘက် မီတာ ၃၅၀၀ ခန့်အကွာ ဝါးရုံတောတွင်း ဝှက်ထားသည့် ၆ ဘီးယာဉ် ၃ စီး၊ ကျွန်းသစ် ၄၉ တန်ခန့်အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ပြီး ၎င်းသိမ်းဆည်းရမိ ကျွန်းသစ်များအား မြို့နယ်သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment