Tuesday, August 11, 2020

နေပြည်တော်စည်ပင်ဘဏ်ကို နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်အဖြစ် အမည်ပြောင်းခွင့် ဗဟိုဘဏ်ခွင့်ပြု

နေပြည်တော်စည်ပင်ဘဏ်ကို နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်အဖြစ် အမည်ပြောင်းခွင့်အား ဗဟိုဘဏ်ခွင့်ပြုရရှိပြီးဖြစ်၍ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ၃ လအတွင်း ဘဏ်ခွဲများ ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌဦးရဲမင်းဦးက ၎င်း၏ လူမှုကွန်ယက်တွင် ယနေ့ရေးသားဖေါ် ပြထားသည်။
" နေပြည်တော်စည်ပင်သာယာရေးကော်မတီက ရာနှုန်းပြည့်ပိုင်ဆိုင်တဲ့ နေပြည်တော်စည်ပင်ဘဏ်ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်နိုင်စေဖို့ အမည်ပြောင်းခွင့်တင်ပြခဲ့ရာမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်ကို ရရှိခဲ့ပါတယ်။
ရန်ကုန်နှင့် မန္တလေးမြို့များတွင် ၃ လအတွင်း ဘဏ်ခွဲများ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေကြောင်း ဦးရဲမင်းဦးပြောကြားချက်တွင် ပါဝင်ကြောင်း သိရှိရပါသည်။
Crd : Ye Min Oo'Fb #Myanmar_Online_News

0 comments:

Post a Comment