Saturday, August 22, 2020

တူရကီမှာ ရှေးဟောင်းခရစ်ယာန်ဘုရားကျောင်းနဲ့ ပြတိုက်တစ်ခုကို ဗလီအဖြစ် ပြောင်းလဲ

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့က ရှေးဟောင်း Orthodox ခရစ်ယာန် ဘုရားကျောင်းကြီး နောက်ထပ် တစ်ခုနဲ့ လူကြိုက်များတဲ့ ပြတိုက်တစ်ခုကို မွတ်ဆလင် ဝတ်ပြုရာ ဗလီတွေအဖြစ် ပြောင်းလဲပစ်ဖို့ တူရကီ ဝန်ကြီးချုပ် Recep Tayyip Erdogan က သောကြာနေ့ က အမိန့်ပေးလိုက်တယ်လို့ သိရပါတယ်။
နာမည်ကြီး Hagia Sophia Orthodox ခရစ်ယာန် ဘုရားကျောင်းကြီးကို ဗလီအဖြစ် ပြောင်းလဲပြီး တလအကြာမှာ အခုလို ခရစ်ယာန် ဘုရားကျောင်းနဲ့ပြတိုက်တွေကို ဗလီအဖြစ် ထပ်မံ ပြောင်းလဲပစ် လိုက်တာလည်း ဖြစ်ပါတယ်။
Hagia Sophia Orthodox ခရစ်ယာန် ဘုရားကျောင်းကြီးဟာ ကုလသမဂ္ဂလက်အောက်ခံ UNESCO အဖွဲ့ကြီးက ကမ္ဘာ့ အမွေအနှစ် အဖြစ် သတ်မှတ်ထားတဲ့ ဘုရားကျောင်းလည်း ဖြစ်ပါတယ်။ အဆောက်အဦးတွေကို ဗလီအဖြစ် ပြောင်းလဲပစ်နေတာဟာ နိုင်ငံအတွင်းက ရှေးရိုးဆန်ဝါဒီတွေနဲ့ အမျိုးသားရေး ဝါဒီတွေရဲ့ ထောက်ခံ မှု ပိုပြီးရလာအောင် ဝန်ကြီးချုပ် Erdogan ရဲ့ ကြိုးပမ်းမှုတရပ်လည်း ဖြစ်ပါတယ်။
ဒါပေမဲ့ နိုင်ငံ ပြင်ပက Orthodox နဲ့ ကက်သလစ် ခရစ်ယာန်ဘာသာဝင်တွေ အကြားမှာတော့ သူ့လုပ်ရပ်က ပြဿနာတွေကိုသာ ဖန်တီးစေပါတယ်။ ဒါဟာ နေရာတိုင်းမှာ ရှိတဲ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေကို တူရကီ အစိုးရက နောက်ထပ် ရန်စလိုက်တာလို့လည်း ဂရိ နိုင်ငံ ခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
Holy Saviour in Chora လို့ ခေါ်တဲ့ Orthodox ခရစ်ယာန် ဘုရားကျောင်းဟာ Byzantine ခေတ်က တည်ဆောက်ခဲ့တာ ဖြစ်ပြီး ၁၄ ရာစုနှစ်က နံရံ ဆေးရေး ပန်းချီတွေနဲ့ အလှဆင်ထားတာ ဖြစ်ပါတယ်။
ပြတိုက်ကနေ ဗလီအဖြစ် ပြောင်းလိုက်တဲ့ သမိုင်းဝင် Kariye အဆောက်အဦးကတော့ Hagia Sophia ဘုရားကျောင်းလို နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိပြီ ဖြစ်ပြီး အောတိုမန် တာ့ခ်တွေက ဗလီအဖြစ် ရာစုနှစ် တစ်ဝက်ကြာ အသုံးပြုခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ် အပြီးမှာတော့ တူရကီနိုင်ငံကို ဘာသာရေးကို အခြေမခံတဲ့နိုင်ငံ secular state အဖြစ် ထူထောင်ဖို့ ကြိုးပမ်းချိန်မှာ ပြတိုက်အဖြစ် ပြောင်းလဲပစ်ခဲ့တာ ဖြစ်ပါတယ်။
>>zawgyi<<

0 comments:

Post a Comment