Wednesday, August 12, 2020

ရုရှားနိုင်ငံ၏ကိုဗစ်ကာကွယ်ဆေး တရားဝင်ဖြစ်လျှင် မြန်မာနိုင်ငံလည်း ရရှိမည်

ပထမဆုံး ကိုဗစ်ကာကွယ်ဆေးကိုရရှိပြီးဖြစ်ကြောင်း ထုတ်ပြန်လိုက်ေသော ရုရှားနိုင်ငံ၏ တာဝန်ရှိသူများ နှင့် WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) မှ ညှိနှိုင်းဆွေးနွေးလျက်ရှိနေကြောင်း နှင့် ကာကွယ်ဆေး တရားဝင်ရ ပြီးဆိုလျင် ဝင်ငွေနည်း၊ ဝင်ငွေအလယ်အလတ်ရှိသည့် နိုင်ငံပေါင်းစုံ မကျန်စေရန် WHO အဖွဲ့က စီစဉ်ပေး ထားကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်း က ပြောသည်။
''ရုရှားက စပြီးတော့ Viccnine( ကာကွယ်ဆေး) တွေ့တယ်လို့ပြောပါတယ်။ တွေ့တဲ့ကိစ္စကို WHO က တရားဝင် ဖြစ် မဖြစ်ကို ရုရှားက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးလျက် ရှိတယ်လို့ သတင်းရရှိပါတယ်။ နောက်ပြီးတော့ WHO နဲ့လည်း ကျွန်တော်တို့ အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာန ဆွေးနွေးထားတာ ရှိပါတယ်။ WHO က ကာကွယ်ဆေးက တကယ်လို့ တရားဝင်ရပြီဆိုရင် ကျွန်တော်တို့လို ဝင်ငွေနည်းတဲ့ နိုင်ငံတွေရော၊ ဝင်ငွေ အလယ်အလတ်ရှိတဲ့ နိုင်ငံတွေပါ မကျန်ခဲ့အောင် သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ အစည်းတွေနဲ့ညှိနှိုင်းပြီးတော့ နိုင်ငံပေါင်းစုံက ရရှိဖို့အတွက် အထူးသဖြင့် High Rise ပြည်သူတွေ ဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ ၊ ကျန်းမာရေး စောင့်ရှောက်တဲ့ ဝန်ထမ်းတွေ ဦးစားပေးပြီး ရရှိအောင် စီစဉ်ထားတယ် ဆိုတာကို တင်ပြလိုပါတယ် '' ဟု ဒေါက်တာသက်ခိုင်ဝင်းက ယနေ့ သြဂုတ်လ ၁၂ရက် တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဖေ့ဖ်ဘုတ်တိုက်ရိုက် ဆွေးနွေးစဉ် ပြောဆိုခဲ့သည်။
ရုရှားနိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို သီတင်းပတ်များအတွင်း အများအပြားထုတ်လုပ်မှု စတင်ရန် မျှော်မှန်းထားပြီး လာမည့်နှစ်အတွင်းမှစ၍ တစ်လလျှင် ဆေးခုနစ်သန်းအထိ ထုတ်လုပ်နိုင် မည်ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားသည်။
crd-Pyi Myanmar #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment