Friday, August 21, 2020

ကချင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်သည်များကို ငွေကျပ်သုံးသောင်းထောက်ပံ့သွားမည်ဖြစ်ပြီး ဖုန်းဖြင့်စာရင်းပေးသွင်းနိုင်

ကချင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်သည်မိခင်များကို ငွေကျပ်သုံးသောင်းဆီထောက်ပံ့ပေးသွားမည် ဖြစ်ပြီး ဖုန်းဖြင့်လည်း အမည်စာရင်းပေးသွင်းနိုင်ကြောင်း ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။
ပြည်ထောင်စုအစိုးရ၏ ထောက်ပံ့မှုဖြင့် ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနကထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အဆိုပါထောက်ပံ့ကြေးရရှိနိုင်ရန် အမည်စာရင်းများကို သက်ဆိုင်ရာမြို့နယ်/ခရိုင် ဆင့်ကဲ လူမှုဝန် ထမ်းဦးစီးဌာနရုံးများတွင် လာရောက် စာရင်းပေးသွင်းနိုင်သည့်အပြင် မိမိလက်ကိုင်ဖုန်းဖြင့် ငွေဗိုက်ဖုန်းအက်ပလီကေးရှင်း (Ngwe Bike Aplication) ဖြင့်လည်း အမည်စာရင်းပေးသွင်းနိုင်ကြောင်း ကချင် ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှူးရုံးမှ သိရသည်။
“အဓိကတော့ ကိုယ်ဝန်ရှိကြောင်း သက်သေခံနိုင်ဖို့ရန် အတွက် ကိုယ်ဝန်ဆောင်ကျန်းမာရေး စောင့်ရှောက်မှု မှတ်တမ်းကတော့ မဖြစ်မနေ လိုပါတယ်။ အဲ့တာရပြီဆိုရင်ကျန်တာ အားလုံးအကျုံးဝင်ပါတယ်။အဲ့ဒီ ကျန်း မာရေးစောင့်ရှောက်မှု မှတ်တမ်းနှင့် ဗိုက်ပေါ်သည် ဖြစ်စေမပေါ်သည်ဖြစ်စေ အဲ့ဒီကိုယ်ဝန်ဆောင် စောင့် ရှောက်မှုမှတ်တမ်းတစ်အုပ်ရှိတာနဲ့ ကိုယ်ဝန်ဆောင်စာရင်းဝင်သွားပြီ သူသည် ဖုန်းနံပါတ်ရှိရမယ် မရှိဘူးဆိုရင်လည်းသူငယ်ချင်းအပေါင်းသင်းဖုန်းနံပါတ်နဲ့လည်းရပါတယ်။အိုင်တီနည်းပညာကိုသုံးပြီး ထောက်ပံ့မှာဖြစ်တဲ့အတွက်ကြောင့် လွယ်ကူတဲ့ နည်းလမ်းဖြစ်ပါတယ်”ဟု ကချင်ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနညွန်ကြားရေးမှူး ဦးသက်လှိုင်ထွန်းက ပြောသည်။
စာရင်းပေးသွင်းမည့် ကာလအဖြစ် သြဂုတ်လ (၁၁)ရက်နေ့မှ စက်တင်ဘာလ (၁၅)ရက်နေ့အထိလက် ခံသွားမည်ဖြစ်ပြီး ဖုန်းဖြင့်သော်လည်ကောင်း လူကိုယ်တိုင်သွားရောက်စာရင်းပေးသွင်းရာတွင်လည်း ကောင်း ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုမှတ်တမ်းစာအုပ်၊ ကိုယ်ဝန်ဆောင်မိခင်ဓာတ်ပုံ၊ သက်ဆိုင်ရာ ဆေးခန်း၊ ကျွမ်းကျင်ဆရာဝန်များ၏ဆေးစစ်ချက်မှတ်တမ်း စသည့်အချက်အလက်များပါရှိရမည်ဖြစ် ကြောင်း သိရသည်။
ငွေဗိုက်အက်ပလီကေးရှင်းကို သက်ဆိုင်ရာကျေးလက်ကျန်းမာရေးမှ ထည့်သွင်းပေးနေပြီး ''Social Protection In Myanmar Page'' တွင်လည်း ဒေါင်းလုတ်ရယူနိုင်ပြီး အင်တာမရှိသည့်ဒေသများ လူမှုဝန် ထမ်းဦးစီးဌာနအနေဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများဖြင့်သွားရောက်ကွင်းဆင်းကာ စာရင်းများကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ထောက်ပံ့ငွေ ထုတ်ယူရာတွင်လည်း ထုတ်ယူနိုင်မည့် နည်းလမ်းလေးမျိုး စီစဉ်ထားပြီး မိမိအတွက် လွယ်ကူအဆင်ပြေမည့်နည်းလမ်းဖြင့် ထုတ်ယူနိုင်ကြောင်း ဦးသက်လှိုင်ထွန်းက ယခုကဲ့သို့ ရှင်းလင်းပြောဆိုခဲ့သည်။
“ကျွန်တော်တို့နဲ့ချိတ်ဆက်ထားတဲ့ မြန်မာ့စီးပွားရေးဘဏ်၊ ဧရာဘဏ်၊ KBZဘဏ်ရှိပါတယ်အဲ့ဒီဘဏ်အကောင့်တွေကနေ ထုတ်ယူနိုင်ပါတယ်။ အဲ့ဒီဘဏ်တွေကနေ မထုတ်ချင်ဘူးဆိုရင်လည်း Wave Pay၊ AYA Pay၊ KBZ Pay ကနေလည်း ထုတ်လို့ရတယ် အဲ့တာတွေနဲ့လည်း မထုတ်ချင်ဘူးဆိုရင်လည်းနောက်ဆုံး ကျွန် တော်တို့နဲ့ ချိတ်ဆက်ထားတဲ့မြို့နယ်တွေမှာ တာဝန်ယူနေတဲ့ Vision Fund ကနေလည်း ထုတ်ယူလို့ရတယ်” ဟု ၎င်းကထည့်သွင်း ပြောဆိုခဲ့သည်။
အထက်တွင် ဖော်ပြခဲ့သည့် နည်းလမ်းသုံးခုနဲ့လက်လှမ်းမမှီသည့် ဒေသများအတွက်မှု လူမှုဝန်ထမ်းဦးစီးဌာနနှင့် INGOအဖွဲ့အစည်းနဲ့ပူးပေါင်းကာ ယင်းဒေသများအထိသွားရောက်ပြီး ထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်း ကချင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။
လက်ရှိတွင် စာရင်းပေးသွင်းလာသည့် ကိုယ်ဝန်ဆောင် မိခင် စုစုပေါင်း (၆၀၀)ကျော်ရှိနေပြီဖြစ်ပြီး လူဦးရေ (၂၀၀၀၀)ကျော်ခန့် ထောက်ပံ့နိုင်ရန်လျာထားကြောင်း သိရသည်။
Ref ; People Media

0 comments:

Post a Comment