Friday, August 14, 2020

ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အနီး တစ်‌ကျော့ပြန်မြင့်တက်လာ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အနီးသို့ တစ်‌ကျော့ပြန်မြင့် တက်လာ၍ ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့တွင် ရေ‌ဘေးသတိပြုနေထိုင်ရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ထုတ်ပြန်သည်။
ဩဂုတ်လဆန်းကာလက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုးရိမ်ရေမှတ်အောက်သို့ကျဆင်းသွားသော ချင်း တွင်းမြစ်ရေသည် ယခုအခါ တစ်ကျော့ပြန်မြင့် တက်လာနေသည်။ ဩဂုတ် ၁၃ ရက် တိုင်းတာချက်အရ ချင်းတွင်း မြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုး ရိမ်ရေမှတ်အောက် နှစ်ပေခန့် တွင်ရောက်ရှိနေပြီး နောက်သုံး ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သတိပေး ထားသည်။
ဖောင်းပြင်မြို့တွင်လည်း စိုး ရိမ်ရေမှတ်အောက် သုံး‌ပေခွဲခန့် တွင်ရောက်ရှိနေပြီး စိုးရိမ်ရေမှတ် သို့ နောက်သုံးရက်အတွင်း ရောက်ရှိနိုင်ကြောင်း သတိပေး ထားသည်။ ထို့ကြောင့် ဟုမ္မလင်းမြို့နယ်နှင့် ဖောင်းပြင်မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ရေဘေး အထူးသတိပြုနေထိုင်ရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ် ၁၃ ရက်တွင် သတိပေးထားသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ဇူလိုင်လအတွင်း ဧရာဝတီ နှင့် ချင်းတွင်းမြစ်‌ရေမြင့်တက်မှု ကြောင့် လူဦးရေတစ်‌သောင်းခန့် ရေဘေးရင်ဆိုင်ခဲ့ရသည်။ ပြီးခဲ့သည့်ရက်အနည်းငယ်က စိုးရိမ်ရေမှတ်အထက်၌ မြင့်တက်ခဲ့သော ဧရာဝတီမြစ်ရေသည် ယခုအခါ မိုးတွင်းကာလ ပုံမှန်ရေမှတ်တွင်ရှိနေပြီး ထူးထူးခြားခြားမြင့်တက်ခြင်းမရှိသေးပေ။
Ref ; 7Day

0 comments:

Post a Comment