Tuesday, August 11, 2020

ရေနံစိမ်း တန် ၁၀၀၀ ယိုဖိတ်မှုကြောင့် မော်ရေးရှပ် ကမ်းခြေတွင် ဂေဟစနစ် ဘေးအန္တရာယ် ဆိုးရွားစွာ ကျရောက်

• ဂျပန် ရေနံတင်သင်္ဘော ဝါကာရှိအိုက သန္တာကျောက်တန်းတစ်ခုနဲ့ တိုက်မိပြီး အိန္ဒိယ သမုဒ္ဒရာထဲကို တန်ချိန် ၁၀၀၀ ခန့်ရှိတဲ့ ရေနံစိမ်းတွေ ယိုဖိတ်စေခဲ့ပါတယ်။
• ဝါကာရှိအိုမှ ရေနံစမ်းတွေကြောင့် မျိုးသုဉ်းဖို့ အန္တရာယ်ရှိနေတဲ့ မျိုးစိတ်တွေ နေထိုင်ရာ သန္တာကျောက်တန်းကိုလည်း ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးစေပါတယ်။
• မော်ရေးရှပ် နိုင်ငံအနေနဲ့ က မကြုံစဖူး ကြံလာတဲ့ သဘာဝ ပတ်ဝန်းကျင်အရေး အတွက် အရေးပေါ် အခြေအနေကို ကြေငြာခဲ့ပြီး သန္တာကျောက်တန်းတွေ ထာဝရ ပျက်စီးသွားမှာကိုလည်း စိုးရိမ်နေပါတယ်။
• ဇူလိုင် ၂၅ သန္တာကျောက်တန်းနဲ့ တိုက်မိသွားတဲ့ ရေနံစိမ်း တန်၄၀၀၀တင် သင်္ဘော ဟာ ဩဂုတ်လဆန်းပိုင်းမှာ ရေနံတွေ တဖြည်းဖြည်း ယိုစိမ့်လာခဲ့ပြီး ဩဂုတ်လ ၉ရက် မှာတော့ ယိုစိမ့်မှုပေါင်းက တန် ၁၀၀၀ အထိရှိတယ်လို့ ကြေညာထားပါတယ်။
ဩဂုတ်လ ၉ရက် တနင်္ဂနွေနေ့က စေတနာ့ဝန်ထမ်း ထောင်ပေါင်းများစွာ က ရေနံယိုဖိတ် မှုကြောင့် ညစ်ထေးနေတဲ့ မော်ရေးရှပ် နိုင်ငံက ကမ်းခြေကို လာရောက်ကြပြီး ပင်လယ်ပြင်နဲ့ ကမ်းခြေက ရေနံစိမ်းတွေကို ပူးပေါင်း သန့်ရှင်ပေးနေကြပါတယ်။
ဝါကာရှီအို သင်္ဘောကနေ ယိုစိမ့်နေတဲ့ လောင်စာတွေကြောင့် သန္တာကျောက်တန်းတွေ၊ ဒီရေတောတွေနဲ့ မျိုးသုဉ်းမှာ စိုးရိမ်နေရတဲ့ မျိုးစိတ်တွေကို ကာကွယ်ပေးထားတဲ့ သောအဏ္ဏဝါဥယျာဉ် အတွက် မကြုံစဖူးဆိုးရွားလှတဲ့ ဘေးဖြစ်တာကြောင့် အစိုးရက သဘာဝပတ်ဝန်းကျင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။
ဇူလိုင်လ ၂၅ သန္တာကျောက်တန်းနဲ့ တိုက်မိပြီးနောက် တန်ချိန် ၄၀၀၀ ခန့်ရှိ သိုလောင်ခန်းကို တည်ငြိမ်အောင် ကြိုးပမ်းနေကြပါသေးတယ်။ ပင်လယ်ကြမ်းပြင်နဲ့ ရေတွေနဲ့ ဖိအားက ရေနံတင်သင်္ဘောကို ပိုမိုပျက်စီးစေတဲ့အပေါ် ဒေသခံ အာဏာပိုင်တွေက အချိန်နဲ့အမျှ စိုးရိမ်နေကြပါတယ်။
၀ န်ကြီးချုပ် Pravind Jugnauth တုန့်ပြန်ရေးအဖွဲ့တွေအနေနဲ့ ယိုစိမ့်မှုကို တားဆီးနိုင်ခဲ့ပေမယ့် အဆိုးဆုံးအခြေအနေကို ရောက်ရှိခဲ့ပြီလို့ ဆိုပါတယ်။ ဒါ့အပြင် အက်ကြောင် းတွေကလည်း ကြီးထွားလာပြီး သင်္ဘောထက်ပိုင်းကျိုးသွားမယ့် အနေအထားမှာ ရှိလို့ အခြေအနေက ပိုဆိုးလာတယ်လို့ တနင်္ဂနွေ ညနေက သတင်း ထောက်များကိုပြောကြားခဲ့သည်။ ''
ဂျပန်က ကျွမ်းကျင်ပညာရှင်‌ ခြောက်ဦီးပါတဲ့ အဖွဲ့ကို စေလွတ်ထားပါတယ်။ မောရေးရှပ် နိုင်ငံက ပြင်သစ်အပါအဝင် နိုင်ငံတကာ အကူအညီကို တောင်းဆိုခဲ့ပြီးနောက် အနီးရှိ ရီယူနီယံကျွန်းမှ ရေတပ်သင်္ဘောတွေနဲ့ စစ်လေယာဉ်တွေ လာရောက် ကူညီနေကြပါတယ်။
မနေ့က ထောင်နဲ့ ချီတဲ့ စေတနာ့ ဝန်ထမ်းတွေက တစ်ကိုယ်လုံး ရေနံစိမ်းတွေ အပေခံပြီး ဝိုင်းဝန်းကူညီနေတဲ့အပြင် ရေနံစိမ်း ပျံ့နှံ့မှုကို ထိန်းဖို့အတွက် ကောက်ရိုးနဲ့ ပြုလုပ်ထားတဲ့ ရေပေါ်အတားအဆီးတွေကို အတူတကွ ကြိုးပမ်းပြုလုပ် ပေးခဲ့ကြပါတယ်။
ဝါကာရှီအိုကို ပိုင်ဆိုင်တဲ့ နောက်ထပ် ဂျပန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Mitsui OSK Lines က မနေ့က လောင်စာဆီတန်ချိန် ၁၀၀၀ အထိ ယိုဖိတ်သွားတယ်လို့ ပြောကြားခဲ့ပြီး အဲဒီ ရေကြောင်းကုမ္ပဏီရဲ့ ဒုတိယဥက္ကဌ အိုက်ဟိကိုအိုနိုက အခု ဖြစ်ရပ်ကို ဖြေရှင်းနိုင်ဖို့အတွက် အားလုံးကြိုးပမ်းဆောင်ရွက်သွားမှာပါလို့ တိုကျိုရှိ သတင်းထောက်တွေကို ပြောကြားခဲ့သည်။
ဒါပေမယ့် ထိန်းသိမ်းစောင့်ရှောက်ရေးသမားတွေက သိပ်နောက်ကျသွားပြီဟု မှတ်ချက်ချထားကြပါတယ်။ဇူလိုင် ၂၅ရက်မှာ ကျောက်တန်းနဲ့ တိုက်မိစဉ်က ခပ်အေးအေးလုပ်နေတဲ့ မော်ရေးရှပ် အစိုးရကိုလည်း ပြည်သူတွေက ဖိအားပေးလာခဲ့ပါတယ်။ ဒါကြောင့် ရဲတွေက ဝါကာရှိအို သင်္ဘောကို ရှာဖွခွင့်ဝရမ်း ထုတ်ခဲ့ပြီး ဆက်သွယ်ရေး မှတ်တမ်း အပါအဝင် တရားရုံးမှ ရှာဖွေတွေ့ရှိမှု အားလုံးကို တရားဝင် ထုတ်ဖော်မယ်လို့ ဩဂုတ်လ ၉ရက်က ဆိုထားပါတယ်။
သင်္ဘောရဲ့ ကပ္ပတိန်မှာ ၅၈ နှစ်အရွယ် အိန္ဒိယလူမျိုးဖြစ်တယ်လို့ သိရပါတယ်။
Ref: Ecological disaster as Japanese carrier spills 1,000 tonnes of crude oil on pristine beaches of Mauritius - as country's leader warns cracks in the ship are growing and they fear it could break in hal
Crd : ChannelKeyMyanmar

0 comments:

Post a Comment