Sunday, August 23, 2020

မင်္ဂလာတောင်ညွန့်မြိုနယ် ၁၁၃ လမ်းနောက်ဖေးလမ်းကြားတွင် လူတစ်ဦး ဓာတ်လိုက်သေဆုံး

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြိုနယ် ၁၁၃ လမ်းနောက်ဖေးလမ်းကြားတွင် ယနေ့ သြဂုတ်လ ၂၃ ရက် မွန်းတည့်အချိန်ခန့်က လူတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ဖို့မြေလူမှုကယ်တယ်ရေးအသင်း၏ နာယကလည်းဖြစ်ဖို့မြေရပ်ကွက်အုပ်ချုပ်ရေးမှုးလည်း ဖြစ်သော ဦးဇော်ဝင်းထွန်းက ပြည်မြန်မာကို ပြောသည်။
၁၁၃ လမ်းနောက်ဖေးလမ်းကြားတွင် Air Con ဝါယာကြိုးစ နှစ်စ တင်နေသော အိမ်နောက်ဖက်သံပန်းတံခါးကို ကိုင်မိရာမှ ဓာတ်လိုက်သေဆုံးခဲ့ကြောင်း၊ယင်းသေဆုံးသူမှာ ဒလမြို့ မှော်စက်ရပ်နေထိုင်သူ အသက်(၂၇) နှစ် အရွယ် ပလုံကောက်သော အပြုံးဆိုသူ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယခုအခါ အဆိုပါ သေဆုံးသူကို ဘိုကလေးဈေး၊ဖို့မြေ၊ ကြယ်စင်လင်းလက်လူမှု ကယ်ဆယ်ရေးအသင်း၊မင်္ဂလာ တောင်ညွန့်ရဲတပ်ဖွဲ့ဝင်များက ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရေခဲတိုက်သို့ (PR-052)ဖြင့်ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။
Ref ; Pyi Myanmar

0 comments:

Post a Comment