Tuesday, August 11, 2020

ဘယ်လ်ဂျီယံနိုင်ငံတွင် အပူလှိုင်းဖြတ်ပြီး နောက်ထပ် ၃ ရက်လောက် အပူချိန် ဆက်လက်မြင့်တက်မည်

ဘယ်လ်ဂျီယံနိုင်ငံမှာ အပူလှိုင်းဖြတ်နေတာကြောင့် ဘရပ်ဆဲလ်မြို့တော်ရင်ပြင်တွေရှိ ရေပန်းတွေကြားထဲမှာ အပူသက်သာအောင် နေကြသူတွေကို မြင်တွေ့ရတယ်လို့ အခုလ(၁၀)ရက် AP သတင်းမှာဖော်ပြထားပါတယ်။
ဘရပ်ဆဲလ်မြို့တော် အပူချိန်ဟာ (၃၅)ဒီဂရီ ဆဲလ်စီးယပ်စ်ကို ကျော်လွန်နေပြီး အပူချိန်အလွန်မြင့်မားနေပါတယ်။ အပူချိန်မြင့်တက်နေပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး နှာခေါင်းစည်းတွေ တပ်ဆင်ထားကြတာကိုတော့မြင်တွေရပါတယ်။
ဒါပေမဲ့ ရာသီဥတုအလွန်ပူပြင်းနေတာကြောင့် နှာခေါင်းစည်းတပ်ထားရတာဟာ အသက်ရှူမဝဘူးလို့တော့ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ အလုပ်သမားတွေက ပြောပါတယ်။ အပူချိန်မြင့်တက်နေတာကြောင့် မိုးလေဝသဌာနက အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ပေးထားပြီး၊ အပူချိန်ဟာ နောက်ထပ်သုံးရက်လောက်အထိ ဆက်လက်မြင့်တက်နေနိုင်တယ်လို့လည်း သတိပေးထုတ်ပြန်ပေးထားပါတယ်။
Source - One News Myanmar

0 comments:

Post a Comment