Monday, August 24, 2020

တရုတ်နှင့် ဗီယက်နမ်တို့သည် ၎င်းတို့၏ ဘုံဖွံ့ဖြိုးတိုးတက်ရေအတွက် နယ်စပ်ဒေသတွင် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးတို့ဖော်ဆောင်ရန် ကတိကဝတ်ပြုခဲ့

ဩဂုတ်လ ၂၃ ရက်နေ့တွင် တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် ၎င်းတို့၏ ဘုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့လုပ်ဆောင်ရန်အတွက် ၎င်းတို့၏ နယ်စပ်ဒေသများတွင် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရင်းနှီးမှုရရှိရေးတို့ ဖော်ဆောင်ရန် အခိုင်အမာပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Wang Yi ၊ ဗီယက်နမ် နိုင်ငံဝန်ကြီးချူပ် ၊ နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh တို့သည် နယ်နိမိတ်မျဉ်း ပိုင်းခြားသတ်မှတ်ချက်ခြင်း နှစ် ၂၀ ပြည့် အခမ်းအနားနှင့် နယ်စပ်မှတ်တိုင် ဆောက်လုပ်ခြင်း ၁၀ နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ကတိကဝတ်များ ပြုခဲ့ကြပါသည်။
Wang Yi မှ နှစ်နိုင်ငံကြား ဆက်ဆံရေးပုံမှန်ဖြစ်စဉ်ကာလကတည်းက တရုတ် နှင့် ဗီယက်နမ်နှစ်နိုင်ငံတို့သည် အဓိကဖွံ့ဖြိုးတိုးတက်မှုကိုတိုးမြှင့်ဆောင်ရွက်ရန် အ တွက် အရေးကြီးသောကတိကဝတ်တစ်ခုအဖြစ် မြေယာနယ်နိမိတ်ပြဿနာများကို တိုင်ပင်ဆွေးနွေးခြင်းဖြင့် ဖြေရှင်းရန်ကတိပြုခဲ့ကြကြောင်း ပြောကြားခဲ့ပါသည်။
Wang Yi အနေဖြင့် တရုတ်- ဗီယက်နမ်နိမိတ်နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏အကျိုးစီးပွားကို ဖြည့်ဆည်းပေးရန် ၊ နယ်စပ်ဒေသအုပ်ချုပ်ရေးစနစ်နှင့် စွမ်းဆောင်ရည်မြှင့်တင်ရန် ၊ နယ်စပ်ဒေသမှတဆင့် ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက် မှုများကို မြှင့်တင်ရန်နှင့် ပင်လယ်ရေးကြောင်းဆိုင်ရာအငြင်းပွားမှုများကို ဆောလျင်စွာ ဖြေရှင်းရန်နှင့် နယ်စပ်ပြဿနာများကိုအဖြေရှာရာတွင် ကောင်းမွန်သောအလေ့ အကျင့်များကို အသုံပြုကြရန် နှစ်နိုင်ငံလုံးအားတိုက်တွန်းပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံနှင့် ဘုံဖွံ့ဖြိုးတိုးတက်ရေး၊ ကြွယ်ဝ ချမ်းသာရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ငြိမ်းချမ်းပြီး ရင်းနှီးချစ်ကြည်သော ကုန်းမြေနယ်နိမိတ်သတ်မှတ်ခြင်းကို ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိနေ ကြောင်း Wang Yi မှ ဖြည့်စွက်ပြောကြားခဲ့ပါသည်။
ဆွေးနွေးမှုပြုလုပ်နေစဉ်အတွင်း တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် Wang မှ COVID-19 ကူးစက်ရောဂါကို အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပြီး စီးပွားရေးနှင့် လူမှု ဘဝဖွံ့ဖြိုးတိုးတက်ရေးတွင် အောင်မြင်စွာဖော်ဆောင်နိုင်ခဲ့သော ကမ္ဘာ့နိုင်ငံများ ထဲတွင် ပထမနေရာတွင် ရပ်တည်နေကြောင်း Wang မှ ပြောကြားခဲ့ပါသည်။
တရုတ် - ဗီယက်နမ်နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ COVID-19 ကူးစက်ရောဂါ အခြေအနေကို ကျော်ဖြတ်ပြီးနောက်တွင် ပိုပိုခိုင်မာလာခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh မှ ဗီယက်နမ်နိုင်ငံအနေဖြင့် ဗီယက်နမ် - တရုတ် မဟာဗျူဟာမြောက်ဘက်စုံပူးပေါင်းဆောင်ရွက်ရေးကို ထိန်းသိမ်းသွားရန် ကတိပေးကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးကို ရှေ့တိုးလုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။
နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများသည် တရုတ်နှင့် ဗီယက်နမ်နိုင်ငံကြားရှိ နယ်စပ် မှတ်တိုင်များကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
source-XINHUANET #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment