Saturday, August 22, 2020

ဂေါ်ရင်ဂျီကျွန်းအနီး ငါးမဖမ်းရဧရိယာများအတွင်း ဝင်ရောက်ငါးခိုးဖမ်းလျက်ရှိသည့် တရားမဝင်ငါးဖမ်းလှေများဖမ်းဆီးရမိ

ငပုတောမြို့နယ်အတွင်းရှိ ဂေါ်ရင်ဂျီကျွန်းအနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂၀ ရက် နံနက် ၈ နာရီခန့်တွင် ဟိုင်းကြီးကျွန်းမြို့၊ မကျည်းချိုင်ကျေးရွာနေ ဒေါ်ခင်မိုးသူ ပိုင်ဆိုင်သည့် တရားမဝင်တရွတ်ဆွဲငါးဖမ်းစက်လှေ ၂ စီးအား လှေလုပ်သား ၈ ဦးနှင့်လည်းကောင်း၊ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ငွေဆောင်မြို့၊ မိကျောင်းချောင်းကျေးရွာနေ ဦးအောင်ငွေ ပိုင်ဆိုင်သည့် တရားမဝင်တရွတ်ဆွဲ ငါးဖမ်းလှေတစ်စီးအား လှေလုပ်သား ၃ ဦးနှင့် လည်းကောင်း၊ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ငရုတ်ကောင်းမြို့၊ မိကျောင်းခေါင်းကျေးရွာနေ ဒေါ်မြင့်မြင့်အေး ပိုင်ဆိုင်သည့် တရားမဝင်တရွတ်ဆွဲငါးဖမ်းလှေတစ်စီးအား လှေလုပ်သား ၃ ဦးနှင့်လည်းကောင်း၊ နံနက် ၉ နာရီ ၂၅ မိနစ်ခန့်တွင် ငွေဆောင်မြို့၊ ဆင်မကျေးရွာနေ ဦးအေးသန်းပိုင်ဆိုင်သော တရားမဝင် တရွတ်ဆွဲငါးဖမ်းလှေတစ်စီးအား လှေလုပ်သား ၃ ဦး နှင့်လည်းကောင်း၊ နံနက် ၉ နာရီ ၃၅ မိနစ်ခန့်တွင် ငွေဆောင်မြို့၊ ဆင်မကျေးရွာနေ ဦးအောင်ရဲကိုကို ပိုင်ဆိုင်သော တရားမဝင်တရွတ်ဆွဲ ငါးဖမ်းလှေ တစ်စီးအားလှေလုပ်သား ၄ ဦးနှင့် လည်းကောင်း၊ နံနက် ၁၀ နာရီ ၅ မိနစ်ခန့်တွင် ငွေဆောင်မြို့၊ ဆင်မကျေးရွာနေ ဒေါ်နီနီခင်ပိုင်ဆိုင်သော တရားမဝင်တရွတ်ဆွဲငါးဖမ်းလှေ တစ်စီးအား လှေလုပ်သား ၃ ဦးနှင့်လည်းကောင်း၊ နံနက် ၁၀ နာရီ ၁၃ မိနစ်ခန့်တွင် ငွေဆောင်မြို့၊ ဆင်မကျေးရွာနေ ဦးကျော်မင်းသန်း ပိုင်ဆိုင်သော တရွတ်ဆွဲငါးဖမ်းလှေ တစ်စီးအား လှေလုပ်သား ၂ ဦးနှင့်လည်းကောင်း၊ နံနက် ၁၀ နာရီမိနစ် ၂၀ တွင် ငွေဆောင်မြို့၊ ဆင်မကျေးရွာနေ ဦးစိုးသိန်းပိုင်ဆိုင်သော တရားမဝင်တရွတ်ဆွဲ ငါးဖမ်းလှေတစ်စီးအား လှေလုပ်သား ၅ ဦးနှင့်လည်းကောင်းဖမ်းဆီးရမိခဲ့သည်။
ငါးမဖမ်းရကာလတွင် ငါးမဖမ်းရဧရိယာများအတွင်း ကမ်းနီးတရွတ်ဆွဲပိုက်ဖြင့် ငါးခိုးဖမ်းလျက်ရှိသော အဆိုပါဖမ်းဆီးရမိ တရားမဝင်တရွတ်ဆွဲငါးဖမ်းစက်လှေ ၉ စီးနှင့် လှေလုပ်သား ၃၁ ဦးတို့အား ငရုတ်ကောင်းမြို့ရှိ ငါးလုပ်ငန်းဦးစီးဌာနသို့ လုပ်ထုံးလုပ်နည်း နှင့်အညီစနစ်တကျလွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း တပ်မတော်မှ သိရသည်။
>>zawgyi<<

0 comments:

Post a Comment