Friday, August 14, 2020

မြဝတီမြို့တွင် ရွှေထည်ပစ္စည်းအတု လိုက်ပေါင်နှံသည့် အမျိုးသမီး ၁ ဦး ဖမ်းဆီးရမိ

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ ခေတ်မီနည်းပညာနဲ့ ပြုလုပ်ထားတဲ့ ရွှေထည်ပစ္စည်းအတုတွေ လိုက်လံ ပေါင်နှံနေတဲ့ အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိတယ်လို့ မြဝတီ ရဲစခန်းက သိရပါတယ်။
လူလိမ်ဂိုဏ်းအဖွဲ့ဟာ မြဝတီမြို့ရှိ ရွှေအရောင်းဆိုင်နဲ့ အပေါင်လက်ခံဆိုင်တွေမှာ ဇူလိုင်လကတည်းက ရွှေထည်အတုတွေ လာရောက်ပေါင်နှံခဲ့ပြီး သြဂုတ် ၄ ရက်နေ့မှာတော့ ရွှေလာပေါင်ရက်စေ့တဲ့အတွက် စစ်ဆေးမေးမြန်းရာ ရွှေထည်ပစ္စည်းအတုလို့ ထွက်ဆိုတာကြောင့် ဆိုင်ပိုင်ရှင်က ဖမ်းဆီးပြီး မြဝတီမြို့မရဲစခန်းထံ အပ်နှံလိုက်တယ်လို့ သိရပါတယ်။
ရွှေထည်ပစ္စည်းအတုတွေ လိုက်ပေါင်သူမှာ အမျိုးသမီးတဦးတည်းမဟုတ်ဘဲ ၆ ဦး ဝန်းကျင်ရှိနေပြီး ရွှေထည်ပစ္စည်းအတုပေါင်နှံထားတဲ့တန်ဖိုး ကျပ်သိန်း ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ရွှေထည်ပစ္စည်းအတုတွေကို နည်းပညာအဆင့်မီ ပြုလုပ်ထားတဲ့အတွက် ရွှေပန်းထိမ်ဆရာမျက်စိနဲ့လည်း အတုအစစ်ခွဲခြား အတည်ပြုဖို့ ခက်တယ်လို့လည်းသိရပါတယ်။
ဖမ်းမိထားတဲ့ အဆိုပါ အမျိုးသမီးကို မြဝတီရဲတပ်ဖွဲ့က ရာဇသတ်ကြီး ပုဒ်မ ၄၂၀ နဲ့ အမှုဖွင့်ထားပြီး တခြားကျန်ရှိနေသူတွေကို ရဲတပ်ဖွဲ့က ဆက်လက် ရှာဖွေစစ်ဆေးဖမ်းဆီးဖို့ ကြိုးပမ်းနေပါတယ်။
Ref ; Popolay

0 comments:

Post a Comment