Thursday, August 6, 2020

ထိုင်းရဲတပ်ဖွဲ့က ဆန္ဒပြခေါင်းဆောင်များကို ကိုရိုနာဗိုင်းရပ်စ်အရေးပေါ်ဥပဒေ ချိုးဖောက်မှုဖြင့် ဆင့်ခေါ်ခံရ

ထိုင်းရဲတပ်ဖွဲ့က အစိုးရဆန့်ကျင် ဆန္ဒပြပွဲစီစဉ်တဲ့ လူငါးယောက်ကို ကိုရိုနာဗိုင်းရပ်စ်အရေးပေါ်ဥပဒေ ချိုးဖောက်မှုနဲ့ ဆင့်ခေါ်လိုက်တယ်လို့ သတင်းတွေက ဆိုပါတယ်။
ဆင့်ခေါ်ခံရတဲ့လူငါးယောက်ထဲမှာ လူ့အခွင့်အရေးရှေ့နေ အေနွန်နမ်ပါ ပါဝင်ပါတယ်။ သူက ထိုင်းဘုရင်စနစ် ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုခဲ့သူပါ။ ဇူလိုင်လမှာ စစ်ဌာနချုပ် အပြင်ဘက်မှာ ဆန္ဒပြခဲ့မှုနဲ့ အသက် ၃၅ နှစ်အရွယ် အေနွန်ကို ဆင့်ခေါ်ခဲ့တာလို့ရဲတပ်ဖွဲ့ကဆိုပါတယ်။
ထိုင်းမှာ ဆန္ဒပြပွဲတွေ ဇူလိုင်လလယ်ကတည်းကစပြီး နေ့တိုင်းနီးပါး ဖြစ်ခဲ့ပါတယ်။ ဆန္ဒပြသမားတွေက ဝန်ကြီးချုပ် ပရာယုသ်ချန်အိုချာကို ရာထူးက နုတ်ထွက်ဖို့၊ စစ်တပ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့တွေ တောင်းဆိုခဲ့ကြတာပါ။
အရေးပေါ်ဥပဒေကို ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက်ပဲ သုံးသွားမယ်၊ သြဂုတ်လနောက်ပိုင်းကစပြီး ဒီဥပဒေကို နိုင်ငံရေးဆန္ဒပြပွဲတွေ ပိတ်ပင်တားမြစ်ဖို့အတွက်သုံးသွားတော့မှာ မဟုတ်ဘူးလို့ အစိုးရက ပြီးခဲ့တဲ့လမှာ ပြောခဲ့ပါတယ်။
crd-Pyi Myanmar #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment