Saturday, August 15, 2020

မဲပေးခွင့်ရှိသူအားလုံး မဲပေးကြပါလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တိုက်တွန်း

ဩဂုတ်လ ၁၄ ရက်နေ့က နေပြည်တော်မှာ နိုင်ငံရေးပါတီ ၃၄ ပါတီနှင့်တွေ့ဆုံဆွေးနွေးပွဲတွင် လာမည့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူအားလုံး မဲပေးကြပါလို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းလိုက်ကြောင်း သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးကြရန်လိုပါတယ်။ မဲမပေးပါက ရွေးချယ်ခံရသင့်သည့် ကိုယ်စားလှယ်လောင်းများမဲမရသည်သာဖြစ်မည်ဖြစ်ပြီး မဲပေးသင့် သူကို ဆန္ဒမဲပေးကြစေရေး စည်းရုံးကြစေလိုတယ်”လို့ ဆိုပါတယ်။
ယင်းအပြင် တပ်မတော်အနေဖြင့် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးအတွက် အမျိုးသားနိုင်ငံရေး လုပ်ဆောင်လျက်ရှိသည့် မည့်သည့် အဖွဲ့အစည်းများနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတွင် ပြည်သူ့ကိုယ်စားလှယ်လောင်းများ ရွေးကောက်တင်မြှောက်ခြင်းသည် အလွန်အရေးကြီးတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ကြောင်း သိရပါတယ်။
crd-MyanmaPlatform #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment