Tuesday, August 4, 2020

အဆိုတော် ယုန်လေး ဖန်တီးလိုက်တဲ့ ငါတို့အားလုံးရဲ့မြေသီချင်းဟာ နာရီပိုင်းအတွင်း ဝေဖန်မှုတွေမြင့်တက်နေသလို အားပေးမှုတွေပါ တစ်ရက်တည်းမှာအပြိုင်အဆိုင်ဖြစ်ပေါ်နေ

အဆိုတော် ယုန်လေးဟာ အားလုံးပဲသိကြတဲ့အတိုင်း ပရဟိတတွေကို တတ်နိုင်သလောက်လုပ်ကိုင်နေရင်း အများအကျိုးဆောင်တတ်သူတစ်ယောက်ပဲဖြစ်ပါတယ်။ အခုလက်ရှိမှာ ပြည်သူအားလုံးကို တစ်သားတည်းဖြစ်စေချင်တဲ့စိတ်လေးနဲ့ သီချင်းလေးတစ်ပုဒ်ကိုဖန်တီးခဲ့တာပဲဖြစ်ပါတယ်။
အနီလည်းမဟုတ်သလို အစိမ်းလည်းမဟုတ်ပါဘူးလို့လည်း သူ့ရဲ့ဖေ့ဘွတ်စာမျက်နှာမှာ မကြာသေးခင်က တင်ခဲ့သေးတာပဲဖြစ်ပါတယ်။ သီချင်းကောင်းလေးတွေကိုဖန်တီးနေခဲ့တာဖြစ်ပြီး ဒီနေ့မှာ ဖန်တီးထားတဲ့သီချင်းလေးကိုပရိသတ်ကိုချပြခဲ့တာပဲဖြစ်ပါတယ်။ ချပြပြီးနာရီပိုင်းအတွင်းမှာ ဝေဖန်မှုတွေရော အားပေးမှုတွေရော မြင့်တက်လာတာကို တွေ့ရပါတယ်။
အဆိုတော် ယုန်လေးကတော့ သူ့ရဲ့သီချင်းလေးနဲ့ပတ်သက်ပြီး အားပေးတဲ့သူတွေကြောင့် အားတက်ခဲ့ရသလို ဝေဖန်မှုတွေကိုလည်း အနုပညာမျက်စိလေးနဲ့ပဲမြင်ပေးကြဖို့ အမှားပါသွားခဲ့တာတွေရှိရင်လည်း နားလည်ပေးကြဖို့ ပြောခဲ့ပါသေးတယ်။
လက်ရှိ နိုင်ငံအတွက် စည်းလုံးစေချင်တဲ့ စိတ်တစ်ခုနဲ့သာ ပုံဖော်ခဲ့တာဖြစ်ကြောင်းလည်း အဆိုတော် ယုန်လေး သူ့ရဲ့ ခံစားချက်ကို ရေးသားခဲ့ပါတယ်.....

0 comments:

Post a Comment