Sunday, August 16, 2020

သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာ၌ လမ်းမြေချဲ့ရာမှ ရွှေကြောတွေ့ခဲ့သဖြင့် ဒေသခံများ လာရောက်တူးဖော်နေကြောင်းသိရ

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာထိပ်တွင် လမ်းမြေချဲ့ထွင်ရန် စက်ယန္တရားများဖြင့် တူးဖော်ရာမှ ရွေကြောတွေ့သည်ဟုဆိုကာ မနေ့ကည သြဂုတ်(၁၅)ရက် ညပိုင်းက ဒေသခံ ထောင်ဂဏန်းအထိ လာရောက်တူးဖော်မှု ရှိခဲ့ကြောင်း သပိတ်ကျင်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစိုးလွင်က ပြောသည်။
“လမ်းချဲ့ဖို့ တောင်ကုန်းလေး ဖြိုလိုက်တာမှာ ရွှေပါတယ်ဆိုပြီး လာတူးကြ၊ မြေစာတွေ လာယူကြတာပေါ့။ မနေ့ညကတော့ လူ ၈၀၀၊ ၁၀၀၀ လောက်အထိ ဖြစ်သွားတယ်။ ဒီနေ့တော့ သိပ်မရှိတော့ပါဘူး”ဟု ဦးစိုးလွင်က ရှင်းပြသည်။
မန္တလေး-မိုးကုတ်-ဗန်းမော် ပြည်ထောင်စုလမ်းမကြီး အဆင့်မြင့်တင် ပြုပြင်ရန်အတွက် လမ်းမြေချဲ့ရာမှ ချောင်းကြီးရွာထိပ် သုံးထပ်ကွေ့တွင် ရွှေကြောတွေ့ရှိသည်ဟုဆိုကာ ဒေသခံများက သွားရောက်တူးဖော်ကြခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော် ရွှေမည်မျှ ပါဝင်သည်ဆိုသည်ကို မသိရသေးသလို ရွှေကြောတွေ့ရှိသည်ဆိုသည့် နေရာသည် လမ်းမြေဖြစ်သဖြင့် တရားဝင် တူးဖော်ခွင့် ပြုမည် မဟုတ်ဘဲ လမ်းချဲ့ရန် တူးဖော်လိုက်သည့် စွန့်ပစ်မြေစားများကိုမူ ဒေသခံများ ရယူနိုင်ရေး စီစဉ်ပေးဖွယ်ရှိကြောင်း ဦးစိုးလွင်က ပြောသည်။
ချောင်းကြီး၊လိပ်ကျစသည့် ကျေးရွာများ အပါအဝင် သပိတ်ကျင်းမြို့နယ်အတွင်း ယခင်ကတည်းက ရွှေတူးဖော်ထွက်ရှိသည့် နေရာဒေသ အများအပြား ရှိပြီး ယခုကဲ့သို့ ရွှေကြောတွေ့သည်ဆိုသော ဖြစ်စဉ်များလည်း မကြာခန ပေါ်ပေါက်လေ့ရှိသည်ဟု ဒေသခံအချို့က ပြောသည်။
Photo –ချောင်းကြီးရွာထိပ် ရွှေကြောတွေ့သည် ဆိုသော နေရာတွင် တူးဖော်နေကြသူများကို သြဂုတ်(၁၅)ရက် ညပိုင်းက တွေ့ရစဉ်/
Crd : U Thaung Khaing'FB #Myanmar_Online_News

0 comments:

Post a Comment