Wednesday, August 12, 2020

ပင်လောင်းမြို့နယ်၊ လိန်းလီတံတားစစ်ဆေးရေးဂိတ်၌ ငွေကျပ်သိန်း ၁၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လိန်းလီတံတားစစ်ဆေးရေးဂိတ်၌ ဩဂုတ် ၁၀ရက် ညနေ ၃ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးနေစဉ် ပင်လောင်း-ပေါင်းလောင်းလမ်းကြောင်းအတိုင်း ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးကျေးရွာနေ ဘစံ(ဘ)ဦးမောင်ကြီး မောင်းနှင်လာသည့် လိုက်ထရပ်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ခေါင်မိုးပေါ်၌ အံဝှက်ပြုလုပ်၍ တင်ဆောင်လာသည့် ဘိန်းဖြူမှုန့် ၆ ကီလို နှင့် ဘိန်းမဲဆီ ၅ လီတာ (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၁၂၀၀ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါး သယ်ဆောင်သူ ဘစံ၊မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများအား ဖိုကုန်းနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း တပ်မတော်မှ သတင်းအရသိရှိရသည်။
>>Zawgyi<<

0 comments:

Post a Comment