Wednesday, August 12, 2020

မူလတန်းနှင့် အလယ်တန်းကျောင်းတွေဖွင့်ဖို့ မဖြစ်နိုင်သေးကြောင်း အခြေခံပညာဦးစီးဌာနပြော

မူလတန်းနှင့် အလယ်တန်းအဆင့်ကျောင်းများကို ယခုလကုန်အထိ ဖွင့်လှစ်နိုင်မည်မဟုတ်ဘဲ တစ်နိုင်ငံလုံးရှိ အထက်တန်းအဆင့်ကျောင်းအားလုံးဖွင့်၍ အခြေအနေများကို လေ့လာဆန်းစစ်ပြီးမှသာ မူလတန်းနှင့် အလယ်တန်းအဆင့်ကျောင်းများ ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။
“ဒီလကုန်လည်း မူလတန်းနဲ့အလယ်တန်းအဆင့်တွေ ကျောင်းဖွင့်ဖို့မဖြစ်နိုင်လောက်သေးဘူး။ အခုက အထက်တန်းအဆင့်ကျောင်းအားလုံး ဖွင့်ရသေးတာမဟုတ်ဘူး။အထက်တန်းအဆင့်တွေအားလုံးဖွင့်ပြီးတဲ့နောက်ပိုင်း သုံးပတ်နေမှ ပြန်ကြည့်မယ်လို့ပြောတယ်။ ဖွင့်မယ်ပြောတာမဟုတ်သေးဘူး ပြန်ကြည့်စစ်ဆေးဦးမယ့် သဘောမျိုး၊ ကျောင်းတွေဖွင့်တာက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကိုဗစ်ကော်မတီ ခွင့်ပြုချက်နဲ့ဖွင့်ရတာ” လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။
လက်ရှိတွင် တစ်နိုင်ငံလုံးရှိ အထက်တန်းအဆင့်ကျောင်းပေါင်း ၇၁၇၃ ကျောင်းရှိသည့်အနက် ၇၁၁၁ ကျောင်းအား စစ်ဆေးအကဲဖြတ်ခဲ့ကာ လိုအပ်ချက်များနှင့် ပြည့်စုံမှုရှိသော A အဆင့် အထက်တန်းကျောင်း ၄၁၅၆ ကျောင်းကို ဖွင့်လှစ်ခွင့်ပေးထားကြောင်း သိရပါတယ်။
ထို့ကြောင့် အထက်တန်းကျောင်း ၃၀၀၀ ကျော်ဖွင့်လှစ်ရန် ကျန်ရှိနေပြီး အဆိုပါကျောင်းများ အမြန်ဆုံးဖွင့်လှစ်နိုင်ရန် လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်နေကြောင်း သိရပါတယ်။

crd-MyanmaPlatform #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment