Saturday, August 8, 2020

၂၀၂၀ ရွေးကောက်ပွဲကိုသပိတ်မှောက်ကြောင်း ဗကသထုတ်ပြန်

နိုဝင်ဘာ၈ရက်ကျင်းပမည့် ၂၀၂ဝပြည့်နှစ်ရွေးကောက်ပွဲကိုဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က သပိတ်မှောက်လိုက်ကြောင်း ထုတ်ပြန်ကြေညာချက်တစ်စောင်အား သြဂုတ်လ ၈ရက်တွင်ကြေညာခဲ့သည်။
၎င်းတို့ ဗကသများအဖွဲ့ချုပ် face bookကထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး သပိတ်မှောက်ရခြင်းအကြောင်းအရင်းမှာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရကျင်းပသောရွေးကောက်ပွဲဖြစ်သောကြောင့် ဖြစ်ကြောင်းကြေညာချက်တွင်ဖော်ပြထားသည်။
ဗကသများအဖွဲ့ချုပ်သည် အထက်မြန်မာပြည်နှင့်အောက်မြန်မာပြည် ကျောင်းသားသမဂ္ဂများ ပါဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ရပ်လည်းဖြစ်ပြီး ၂၀၂၀တွင် မဲမပေးရေးကိုလှုပ်ရှားနေသော ကျောင်းသားအဖွဲ့အစည်းလည်းဖြစ်သည်။
အဆိုပါ သပိတ်မှောက်ကြောင်း ကြေညာချက်အား ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ သက်မောင်မောင်က လက်မှတ်ထိုးထုတ်ပြန်ထားကာ သတ္တမအကြိမ်မြောက်ညီလာခံဆုံးဖြတ်ချက်အရဟုလည်းသိရသည်။
၂၀၂၀ရွေးကောက်ပွဲကို မဲမပေးရေး လှုံဆော်ခြင်းသည် နိုင်ငံသားအခွင့်အရေးဆုံးရှုံးအောင်လုပ်ဆောင်ခြင်းဖြစ်ပြီး မဲပေးရေးသည်နိုင်ငံသားအခွင့်အရေးရရှိအောင်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအတွင်းရေးမှူး မုံရွာအောင်ရှင်ကလည်းပြောကြားထားသည်။
Ref ; People Media

0 comments:

Post a Comment