Friday, August 14, 2020

ဒုတိယအကြိမ် ကိုဗစ်ချေးငွေလျှောက်ထားသူ(၃)ဆဝန်းကျင်မြင့်တက်

ကိုဗစ်ကြောင့် စီးပွားရေးနစ်နာဆုံးရှုံးမှုတွေအတွက် ချေးငွေဒုတိယအကြိမ်ထုတ်ချေးပေးတာမှာ အသေးစားနဲ့အလတ်စား လုပ်ငန်းပေါင်း (၁၀၀၀၀) ကျော်က ချေးငွေလျှောက်ထားတယ်လို့ ကုန်သည်စက်မှု အသင်းချုပ်က သိရပါတယ်။
ရန်ကုန်ကလွဲပြီး တခြားတိုင်းနဲ့ ပြည်နယ်တွေက(၇၅)ရာခိုင်နှုန်းဝန်းကျင်လျှောက်ထားပြီးတော့ ရန်ကုန်က လျှောက်ထားမှုနည်းပေမဲ့ အချက်အလက်ပြည့်စုံမှု အားကောင်းတယ်လို့ သိရပါတယ်။
“ရန်ကုန်ကလျှောက်ထားတာအများစုကတော့ စားသောက်ကုန်လုပ်ငန်းတွေနဲ့ သွင်းကုန်အစားထိုး လုပ်ငန်းတွေ များတယ်။ တိုင်းနဲ့ပြည်နယ်ဘက်ကတော့ စိုက်ပျိုးရေးမွေးမြူရေးနဲ့ ရေလုပ်ငန်းတွေကများတယ်။” လို့ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှုး ဦးအေးဝင်းက ပြောပါတယ်။
အခုစိစစ်ပြီးတဲ့အထိတော့ အချက်အလက်မပြည့်စုံတဲ့ လျှောက်ထားမှု (၁၀၀)လောက်ရှိပြီး ပြန်ပြင်ဆင်မှုတွေလုပ်နိုင်ဖို့ အချိန်ပေးသွားမယ်လို့ သိရပါတယ်။ ဒုတိယအကြိမ်ချေးငွေကို ပထမအကြိမ်တုန်းကလို စီးပွားရေးဘဏ်တစ်ခုတည်းကနေ ထုတ်ပေးတာမျိုးမဟုတ်ဘဲ မြန်ဆန်မှုရှိစေဖို့ ပုဂ္ဂလိကဘဏ်တွေနဲ့ ပူးပေါင်းထုတ်ပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ပထမအကြိမ်ချေးငွေမှာတော့ လျှောက်ထားသူလေးထောင်ကျော်မှာ သုံးထောင်ကျော်ကို ချေးငွေထုတ်ပေးခဲ့ ပြီးတော့ လျှောက်လွှာရရှိတဲ့အချိန်ကနေ(၂)လအတွင်းမှာ ချေးငွေထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Ref ; O Media

0 comments:

Post a Comment