Wednesday, August 12, 2020

ခရီးသည်ယာဉ်ပေါ်မှ ရွှေနှင့် လက်ကိုင်ဖုန်းများ ခိုးယူသူအား ဖမ်းဆီးရမိ

၁၂.၈.၂၀၂၀ ရက်နေ့ နံနက် ၀၅၄၅ အချိန် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဦးနန်းလွင်စိုး မောင်းနှင်သည့် တက်နေလင်း ခရီးသည်တင်ယာဥ်ပေါ် လိုက်ပါလာသူ ခရီးသည် ကိုကျော်ကျော်ဦး၊ (၃၇) နှစ်သည် လည်ပင်း၌ဆွဲထားသည့် သံကြိုးဆက် ရွှေကြုပ်တစ်ခုပါ (၂)ကျပ်သားဆွဲကြိုး (၁)ကုံး ကာလတန်ဘိုး ကျပ် သိန်း(၂၀) ၀၉ ၂၅၀၅၈၂၇၄၄ Sim Card ပါ MI လက်ကိုင်ဖုန်းတစ်လုံး ကာလတန်ဘိုး (၂)သိန်းကျပ် ငွေစက္ကူရောရာ (၅)သိန်းကျော်ခန့် ထည့်ထားသည့် အညိုရောင်ပိုက်ဆံအိတ် (၁)လုံး Navi Force အမျိုးအစား(အနက်ရောင်) လက်ပတ်နာရီ (၁)လုံး ကာလတန်ဘိုး (၄)သောင်းကျပ်ခန့် စုစုပေါင်း ၂၇၄၀၀၀ဝိ/- ခန့်ပျောက်ဆုံးခဲ့ကြောင်းနှင့် ယာဉ်ပေါ်တွင် ၎င်း၏ဘေးထိုင်ခုံ၌ စီးနင်းလိုက်ပါလာသူ ခရီးသည်တစ်ဦးမှာလည်းမပါရှိတော့ကြောင်း သိရှိရသဖြင့် သာဂရအမြန်လမ်းမကြီးရဲစခန်းသို့ သတင်းပို့တိုင်တန်းခဲ့သည့်အတွက်သာဂရအမြန်လမ်းမကြီးရဲစခန်း (ပ)၁၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(နှိုက်)ဖြင့် အမှုဖွင့်လှစ် လက်ခံစစ်ဆေးခဲ့ပါသည်။
အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူး၏ ကွပ်ကကြပ်မတ်မှုဖြင့် အမြန်လမ်းမကြီးတစ်လျှောက် ရဲစခန်း/ရဲကင်းများမှတပ်ဖွဲ့ဝင်များဖြင့် လမ်းမကြီးပေါ် ဝင်/ထွက်ပေါက်များ တိုလ်းဂိတ်/မီနီတိုလ်းဂိတ်များ ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်း လမ်းမကြ်ိးတစ်လျှောက် အသုံးပြုသွားလာလျက်ရှိသည့် မော်တော်ယာဉ်များနှင့် ခရီးသွားများအားရှာဖွေစစ်ဆေးခြင်းများကို အချိန်နှင့်တစ်ပြေးညီ တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ရာ သာဂရအမြန်လမ်းမကြီးရဲစခန်းမှူး ရဲအုပ် ကျော်စွာလတ်နှင့် တာဝန်မှူး ရဲအုပ် ဝင်ကို ဦးစီး တပ်ဖွဲ့ဝင် (၁၀)ဦးသည် သက်သေများနှင့်အတူ အမြန်လမ်းမကြီးမိုင်တိုင် (၁၇၃/၆)၌ ပိတ်ဆို့ရှာဖွေစစ်ဆေးစဉ် နံနက် ၀၈၄၀ အချိန် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဥ်မောင်း ကိုသန့်ဇော်ဦး မောင်းနှင်လာသည့် တောင်ပြာတန်းခရီးသည်တင်ယာဉ်ပေါ်၌ တင်အေး၊ (၆၄)နှစ်၊ (ဘ)ဦးစိုးအောင်၊ ရွှေတောင်မြို့နေသူအား ကိုကျော်ကျော်ဦး ပျောက်ဆုံးခဲ့သည့်သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
crd-အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး #Myanmar_Online_News
>>Zawgyi<<
ခရီးသည်ယာဉ်ပေါ်မှ ရွှေနှင့် လက်ကိုင်ဖုန်းများ ခိုးယူသူအား ဖမ်းဆီးရမိ
Wednesday, August 12, 2020
၁၂.၈.၂၀၂၀ ရက်နေ့ နံနက် ၀၅၄၅ အချိန် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဦးနန်းလွင်စိုး မောင်းနှင်သည့် တက်နေလင်း ခရီးသည်တင်ယာဉ်ပေါ် လိုက်ပါလာသူ ခရီးသည် ကိုကျော်ကျော်ဦး၊ (၃၇) နှစ်သည် လည်ပင်း၌ဆွဲထားသည့် သံကြိုးဆက် ရွှေကြုပ်တစ်ခုပါ (၂)ကျပ်သားဆွဲကြိုး (၁)ကုံး ကာလတန်ဘိုး ကျပ် သိန်း(၂၀) ၀၉ ၂၅၀၅၈၂၇၄၄ Sim Card ပါ MI လက်ကိုင်ဖုန်းတစ်လုံး ကာလတန်ဘိုး (၂)သိန်းကျပ် ငွေစက္ကူရောရာ (၅)သိန်းကျော်ခန့် ထည့်ထားသည့် အညိုရောင်ပိုက်ဆံအိတ် (၁)လုံး Navi Force အမျိုးအစား(အနက်ရောင်) လက်ပတ်နာရီ (၁)လုံး ကာလတန်ဘိုး (၄)သောင်းကျပ်ခန့် စုစုပေါင်း ၂၇၄၀၀၀ဝိ/- ခန့် ပျောက်ဆုံးခဲ့ကြောင်းနှင့် ယာဉ်ပေါ်တွင် ၎င်း၏ဘေးထိုင်ခုံ၌ စီးနင်းလိုက်ပါလာသူ ခရီးသည်တစ်ဦးမှာလည်းမပါရှိတော့ကြောင်း သိရှိရသဖြင့် သာဂရအမြန်လမ်းမကြီးရဲစခန်းသို့ သတင်းပို့တိုင်တန်းခဲ့သည့်အတွက်သာဂရအမြန်လမ်းမကြီးရဲစခန်း (ပ)၁၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(နှိုက်)ဖြင့် အမှုဖွင့်လှစ် လက်ခံစစ်ဆေးခဲ့ပါသည်။
အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူး၏ ကွပ်ကကြပ်မတ်မှုဖြင့် အမြန်လမ်းမကြီးတစ်လျှောက် ရဲစခန်း/ရဲကင်းများမှ တပ်ဖွဲ့ဝင်များဖြင့် လမ်းမကြီးပေါ် ဝင်/ထွက်ပေါက်များ တိုလ်းဂိတ်/မီနီတိုလ်းဂိတ်များ ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်း လမ်းမကြိးတစ်လျှောက် အသုံးပြုသွားလာလျက်ရှိသည့် မော်တော်ယာဉ်များနှင့် ခရီးသွားများအား ရှာဖွေစစ်ဆေးခြင်းများကို အချိန်နှင့်တစ်ပြေးညီ တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ရာ သာဂရအမြန်လမ်းမကြီးရဲစခန်းမှူး ရဲအုပ် ကျော်စွာလတ်နှင့် တာဝန်မှူး ရဲအုပ် ဝင်ကို ဦးစီး တပ်ဖွဲ့ဝင် (၁၀)ဦးသည် သက်သေများနှင့်အတူ အမြန်လမ်းမကြီးမိုင်တိုင် (၁၇၃/၆)၌ ပိတ်ဆို့ရှာဖွေစစ်ဆေးစဉ် နံနက် ၀၈၄၀ အချိန် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ကိုသန့်ဇော်ဦး မောင်းနှင်လာသည့် တောင်ပြာတန်းခရီးသည်တင်ယာဉ်ပေါ်၌ တင်အေး၊ (၆၄)နှစ်၊ (ဘ)ဦးစိုးအောင်၊ ရွှေတောင်မြို့နေသူအား ကိုကျော်ကျော်ဦး ပျောက်ဆုံးခဲ့သည့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
crd-အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး #Myanmar_Online_News

0 comments:

Post a Comment