Monday, August 24, 2020

စာသင်ချိန်များ လွတ်သွားခြင်းက ကလေးတွေအတွက် ရေရှည်မှာ ထိခိုက်နစ်နာစေတယ်လို့ ဗြိတိန်ကျန်းမာရေးအကြံပေးပုဂ္ဂိုလ်ပြော

ကလေးများ ကျောင်းပြန်မတက်ခြင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခြင်းထက် ပိုမိုထိခိုက်နစ်နာဖွယ်ရှိကြောင်း ဗြိတိန်အစိုးရဲ့ ဆေးဘက်ဆိုင်ရာ အကြံပေးအရာရှိချုပ်က အင်တာဗျူးအစီအစဥ်မှာ ပြောကြားလိုက်တယ်လို့ သိရပါတယ်။
ကလေးတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး COVID-19 ရောဂါကြောင့် သေဆုံးမှုဟာ အလွန်ထူးခြားစွာဖြင့် နည်းပါးကြောင်း၊ သို့သော် စာသင်ချိန်များ လွတ်သွားခြင်းက ကလေးတွေအတွက် ရေရှည်မှာ ထိခိုက်နစ်နာစေတယ်လို့ ဗြိတိန်အစိုးရဲ့ ဆေးဘက်ဆိုင်ရာ အကြံပေးအရာရှိချုပ် ပါမောက္ခခရစ်ဝှစ်တီက ပြောခဲ့ပါတယ်။ COVID-19 ဟာ အနည်းဆုံး ကိုးလကြာအထိ စိန်ခေါ်မှုတစ်ခု ဖြစ်နေလိမ့်မယ်လို့လည်း ပါမောက္ခခရစ်က ဆိုပါတယ်။
၂၀၂၀ ခုနှစ်အတွင်း ကာကွယ်ဆေးတစ်မျိုး ထွက်ပေါ်လာနိုင်ဖွယ်မရှိကြောင်း၊ သို့သော် ၂၀၂၁-၂၂ ဆောင်းရာသီမှာတော့ ကာကွယ်ဆေးရရှိရန် ကျိုးကြောင်းဆီလျော်တဲ့ အခွင့်အလမ်းတစ်ရပ်ရှိထားကြောင်း ၎င်းက ပြောပါတယ်။ အင်္ဂလန်၊ ဝေးလ်နဲ့ မြောက်အိုင်ယာလန်ရှိ သန်းနဲ့ချီတဲ့ ကျောင်းသူကျောင်းသားများ လာမယ့် သီတင်းပတ်များအတွင်း ကျောင်းပြန်တက်နိုင်ရန် စီစဥ်ထားကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။
အင်္ဂလန်မှာ ကျောင်းသူကျောင်းသား အသက်အရွယ်အုပ်စု အားလုံးဟာ လာမယ့် စက်တင်ဘာလအတွင်း စာသင်ချိန်အပြည့်နဲ့ ကျောင်းပြန်တက်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း အစိုးရက ပြောခဲ့ပါတယ်။ စကော့တလန်မှာတော့ စာသင်ကျောင်းများ ပြန်ဖွင့်ထားပြီ ဖြစ်ပါတယ်။ ကလေးအများအပြားဟာ ကျောင်းတက်ခြင်းထက် ကျောင်းမတက်ခြင်းကြောင့် ပိုမို ထိခိုက်နစ်နာကြဖွယ်ရှိကြောင်း ပါမောက္ခခရစ်က ဆိုပါတယ်။
"အများအားဖြင့် ကလေးတွေမှာ COVID-19 အပြင်းအထန်ဖြစ်တာနဲ့ ဆေးရုံတက်ရတာ သိပ်ကိုနည်းတယ်ဆိုတာ ဗြိတိန်နဲ့ ကမ္ဘာတစ်ဝန်းကနေ အလွန်ရှင်းလင်းတဲ့ အထောက်အထားတွေလည်း ရှိပါတယ်" လို့ ၎င်းက ဖြည့်စွက် ပြောခဲ့ပါတယ်။
COVID-19 ကူးစက်မှုအန္တရာယ်ကင်းတဲ့ ရွေးချယ်စရာများ မရှိကြောင်း၊ မိဘတွေနဲ့ ဆရာ ဆရာမတွေက ကျောင်းတွေပြန်ဖွင့်ခြင်းရဲ့ အန္တရာယ်နဲ့ အကျိုးကျေးဇူး နှစ်ခုစလုံးကို နားလည်သဘောပေါက်ရန် အရေးကြီးကြောင်း ဗြိတိန်နိုင်ငံတွေရဲ့ ဆေးဘက်ဆိုင်ရာ အကြီးအကဲနဲ့ လက်ထောက်အကြီးအကဲတွေက ပြောကြားခဲ့ကြပြီနောက် ပါမောက္ခခရစ်ရဲ့ အင်တာဗျူးဖြေကြားမှု ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
>>zawgyi<<
စာသင်ချိန်များ လွတ်သွာခြင်းက ကလေးတွေအတွက် ရေရှည်မှာ ထိခိုက်နစ်နာစေတယ်လို့ ဗြိတိန်ကျန်းမာရေးအကြံပေးပုဂ္ဂိုလ်ပြော
Monday, August 24, 2020
ကလေးများ ကျောင်းပြန်မတက်ခြင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခြင်းထက် ပိုမိုထိခိုက်နစ်နာဖွယ်ရှိကြောင်း ဗြိတိန်အစိုးရဲ့ ဆေးဘက်ဆိုင်ရာ အကြံပေးအရာရှိချုပ်က အင်တာဗျူးအစီအစဉ်မှာ ပြောကြားလိုက်တယ်လို့ သိရပါတယ်။
ကလေးတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး COVID-19 ရောဂါကြောင့် သေဆုံးမှုဟာ အလွန်ထူးခြားစွာဖြင့် နည်းပါးကြောင်း၊ သို့သော် စာသင်ချိန်များ လွတ်သွားခြင်းက ကလေးတွေအတွက် ရေရှည်မှာ ထိခိုက်နစ်နာစေတယ်လို့ ဗြိတိန်အစိုးရဲ့ ဆေးဘက်ဆိုင်ရာ အကြံပေးအရာရှိချုပ် ပါမောက္ခခရစ်ဝှစ်တီက ပြောခဲ့ပါတယ်။ COVID-19 ဟာ အနည်းဆုံး ကိုးလကြာအထိ စိန်ခေါ်မှုတစ်ခု ဖြစ်နေလိမ့်မယ်လို့လည်း ပါမောက္ခခရစ်က ဆိုပါတယ်။
၂၀၂၀ ခုနှစ်အတွင်း ကာကွယ်ဆေးတစ်မျိုး ထွက်ပေါ်လာနိုင်ဖွယ်မရှိကြောင်း၊ သို့သော် ၂၀၂၁-၂၂ ဆောင်းရာသီမှာတော့ ကာကွယ်ဆေးရရှိရန် ကျိုးကြောင်းဆီလျော်တဲ့ အခွင့်အလမ်းတစ်ရပ်ရှိထားကြောင်း ၎င်းက ပြောပါတယ်။ အင်္ဂလန်၊ ဝေးလ်နဲ့ မြောက်အိုင်ယာလန်ရှိ သန်းနဲ့ချီတဲ့ ကျောင်းသူကျောင်းသားများ လာမယ့် သီတင်းပတ်များအတွင်း ကျောင်းပြန်တက်နိုင်ရန် စီစဉ်ထားကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။
အင်္ဂလန်မှာ ကျောင်းသူကျောင်းသား အသက်အရွယ်အုပ်စု အားလုံးဟာ လာမယ့် စက်တင်ဘာလအတွင်း စာသင်ချိန်အပြည့်နဲ့ ကျောင်းပြန်တက်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း အစိုးရက ပြောခဲ့ပါတယ်။ စကော့တလန်မှာတော့ စာသင်ကျောင်းများ ပြန်ဖွင့်ထားပြီ ဖြစ်ပါတယ်။ ကလေးအများအပြားဟာ ကျောင်းတက်ခြင်းထက် ကျောင်းမတက်ခြင်းကြောင့် ပိုမို ထိခိုက်နစ်နာကြဖွယ်ရှိကြောင်း ပါမောက္ခခရစ်က ဆိုပါတယ်။
"အများအားဖြင့် ကလေးတွေမှာ COVID-19 အပြင်းအထန်ဖြစ်တာနဲ့ ဆေးရုံတက်ရတာ သိပ်ကိုနည်းတယ်ဆိုတာ ဗြိတိန်နဲ့ ကမ္ဘာတစ်ဝန်းကနေ အလွန်ရှင်းလင်းတဲ့ အထောက်အထားတွေလည်း ရှိပါတယ်" လို့ ၎င်းက ဖြည့်စွက် ပြောခဲ့ပါတယ်။
COVID-19 ကူးစက်မှုအန္တရာယ်ကင်းတဲ့ ရွေးချယ်စရာများ မရှိကြောင်း၊ မိဘတွေနဲ့ ဆရာ ဆရာမတွေက ကျောင်းတွေပြန်ဖွင့်ခြင်းရဲ့ အန္တရာယ်နဲ့ အကျိုးကျေးဇူး နှစ်ခုစလုံးကို နားလည်သဘောပေါက်ရန် အရေးကြီးကြောင်း ဗြိတိန်နိုင်ငံတွေရဲ့ ဆေးဘက်ဆိုင်ရာ အကြီးအကဲနဲ့ လက်ထောက်အကြီးအကဲတွေက ပြောကြားခဲ့ကြပြီနောက် ပါမောက္ခခရစ်ရဲ့ အင်တာဗျူးဖြေကြားမှု ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

0 comments:

Post a Comment