Tuesday, August 11, 2020

အမေရိကန်သမ္မတအိမ်ဖြူတော်အပြင်ဘက်၌ ပစ်ခတ်မှုဖြစ်ပွား ၊ သမ္မတထရမ့် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အစည်းအဝေးမှ အစောင့်ရှောက်ဖြင့် ခေတ္တအပြင်ဘက်သို့ တိမ်းရှောင်ခဲ့ရ

အမေရိကန်နိုင်ငံ သမ္မတ အိမ်ဖြူတော်အပြင်ဘက်၌ ပစ်ခတ်မှုတစ်ခု ဖြစ်ပွားကြောင်း သတင်းပေးပို့ချက်ရရှိခဲ့ပြီးနောက် အိမ်ဖြူတော်အတွင်း ပြုလုပ်နေဆဲ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အစည်းအဝေးမှ သမ္မတဒေါ်နယ်ထရမ့်သည် လျှို့ဝှက်ထောက်လှမ်းရေး အေးဂျင့်များ၏ အစောင့်ရှောင်ဖြင့် ခေတ္တခဏ အပြင်ဘက်သို့ တိမ်း ရှောင်ခဲ့ရကြောင်း သိရသည်။
“ အဲဒီမှာ ပစ်ခတ်မှုတစ်ခု တကယ် ဖြစ်ပွားခဲ့တယ် ၊ လူတစ်ယောက် ဆေးရုံတင်လိုက်ရတယ် ။ အဲဒီလူရဲ့ အ ခြေအနေနဲ့ပတ်သက်လို့ ကျွန်တော် မသိသေးဘူး”ဟု သမ္မတထရမ့်က ခေတ္တရှောင်တိမ်းပြီး မိနစ်အ နည်းငယ်အကြာ အစည်းအဝေးခန်းမသို့ ပြန်လည်ရောက်ရှိပြီးနောက် အထက်ပါအတိုင်း ပြောကြားခဲ့သည်။
“ ကြည့်ရတာတော့ လုံးဝ ထိန်းချုပ်ထားနိုင်ပါပြီ” “ အပစ်ခံလိုက်ရတာက သံသယရှိသူပဲ ” ဟု ထရမ့်က ဆိုသည်။ မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း ၊ ပစ်ခတ်မှုကြောင့် သူ့အား လျှို့ဝှက် အေးဂျင့်များက အိမ်ဖြူတော်ဘဲဥပုံရုံးခန်းထဲသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သမ္မတက ဆက်လက်ပြောကြားခဲ့သည်။
အခင်းဖြစ်ပွားချိန်တွင် ထရမ့်သည် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အစည်းအဝေးတစ်ခု ပြုလုပ်နေပြီး လျှို့ဝှက်အေးဂျင့်များက ယင်းအစည်းအဝေးခန်းထဲသို့ ဝင်ရောက်၍ ၎င်းအား အခန်းထဲမှ ထွက်ခွာရန်ပြောဆိုပြီးနောက် ခေါ်ထုတ်သွားခဲ့ခြင်းဖြစ်သည်။
အိမ်ဖြူတော်အကြီးတန်းအရာရှိတစ်ဦးက CNN သတင်းဌာနသို့ပြောကြားရာတွင် ပစ်ခတ်မှုသည် အိမ်ဖြူတော်အပြင်ဘက် Lafayette ရင်ပြင်၌ သာဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် သေနတ်သမားကို ဖမ်းချုပ်ထားကြောင်း ဆိုသည်။
Ref ; Xinhua

0 comments:

Post a Comment