Tuesday, August 18, 2020

ဖိလစ်ပိုင်တွင် ပြင်းအား၆.၅ ငလျင်လှုပ်ခတ်

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာပြင်းအား ၆.၅ ပမာဏရှိငလျင်တစ်ခု ယနေ့ နံနက်ပိုင်းက လှုပ်ခတ်ခဲ့ပါတယ်။ ငလျင်ကြောင့်နေအိမ်တိုက်တာတွေပြိုပျက်စီးခဲ့ပါတယ်။ အဲဒီငလျင်ဟာမက်စ်ဘာတေးပြည်နယ် ကာတေးဂမ် ကမ်းရိုးတန်းမြို့အနီးဗဟိုပြုလှုပ်ခတ်သွားခဲ့တာပါ။
ငလျင်ကြောင့် စိုးရိမ်နေတဲ့ ဒေသခံတွေဟာဘေးကင်းလုံခြုံရေးအတွက် နေအိမ်အပြင်ဘက် လမ်းမတွေပေါ်ထွက်ပြေးခဲ့ကြပါတယ်။ ငလျင်ဗဟိုချက်နဲ့ နီးတဲ့ အဲဒီကာတေးဂမ် ကမ်းရိုးတန်းမြို့ရဲ့ လမ်းတွေမှာအက်ကွဲကြောင်းတွေဖြစ်ပေါ်ခဲ့သလို ၊ လူနေအိမ်တွေပြိုပျက်မှုတွေရှိခဲ့တာကိုတွေ့ရပါတယ်။ ဒါပေမယ့် ပြင်းထန်ဒဏ်ရသူတော့ မရှိပါဘူး။
ဖိလစ်ပိုင်နိုင်ငံဟာပစိဖိတ် မီးကွင်းဒေသလို့ခေါ်တဲ့ ပစိဖိတ်သမုဒ္ဒရာတွင်းကမ္ဘာ့ ငလျင်လှုပ်ခတ်မှုအများဆုံးပြတ်ရွေ့ကြောပေါ်မှာတည်ရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် နှစ်တိုင်းတိုင်ဖွန်းမုန်တိုင်းအလုံး ၂၀ နဲ့ တခြားမုန်တိုင်းတွေဝင်ရောက်တိုက်ခတ်မှုဒဏ်ကိုရင်ဆိုင်ရတဲ့ ကမ္ဘာ့ သဘာဝဘေးအန္တရာယ်အသင့်ဆုံနိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment