Monday, August 10, 2020

မြောက်ဥက္ကလာပမြို့နယ်နှင့်မင်္ဂလာဒုံမြို့နယ်တို့တွင် ဆိုင်ကယ်(၃၇)စီး ခိုးမှုကျူးလွန်သူ(၂)ဦးကို ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှတပ်ဖွဲ့ဝင်များသည် ၂၂.၇.၂၀၂၀ ရက်နေ့ ၁၂၄၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်အတွင်း ခိုး၊ဆိုး၊လု၊နှိုက်သတင်းများ စုံစမ်းဆောင်ရွက် နေစဉ် ဆိုင်ကယ်ခိုးမှုများကျူးလွန်ထားကြောင်း ကြိုတင်သတင်းရရှိထားသူ လှမြင့်ထွန်း(ခ)ရခီး နှင့် အောင်မျိုးသူ(ခ)ဇော်ဝင်းထွဋ်(ခ)တိုက်ကြီးသား(ခ)ကျန်ကျောင်း တို့(၂)ဦးကို ပေါက်ကုန်း ရပ်ကွက်၊ အပိုင်း(၁၇)၊ မ ဉ္ဇူသကလမ်းသွယ်၌ တွေ့ရှိစစ်ဆေးရာ ၎င်းတို့(၂)ဦးသည် ၂၀၁၉ ခုနှစ်၊ ဧပြီလမှ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအထိ မြောက်ဥက္ကလာပမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်အတို့အတွင်း လှည့်လည်သွားလာ၍ လမ်းဘေး၌ရပ်ထားသော ဆိုင်ကယ်အမျိုးမျိုး(၃၇)စီးအား ခိုးယူခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်ပါသည်။

Crd : Yangon Police


၁၄
မျှဝေသူ ၂ ဦး
ကြိုက်
မှတ်ချက်ပေးရန်
မျှဝေမယ်

0 comments:

Post a Comment