Sunday, August 9, 2020

ဝှေခါမှော် မြေစာပုံပြိုမှုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်သူများကို အရေးယူမည်

ရေမဆေးကျောက်ရှာ ဖွေသူ ၁၇၀ ကျော် သေဆုံးခဲ့သည့် ဖားကန့်မြေစာပုံပြိုမှုဖြစ်စဉ် စစ်ဆေးတွေ့ရှိချက်များကို နိုင်ငံ တော်သမ္မတထံသို့ တင်ပြထားပြီး သက်ဆိုင်သူများကို နောက်ဆက်တွဲ အရေးယူမှုများ ပြုလုပ်မည်ဟု သမ္မတဖွဲ့ပေးထားသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့က ‌ပြောသည်။
အထက်ပါ မြေစာပုံပြိုကျမှု ဖြစ်စဉ် တစ်လ‌ကျော်ကြာသည်အထိ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အရေးယူသည့်သတင်း မထုတ်ပြန် နိုင်သေးသည့်အ‌‌ပေါ် စုံစမ်းစစ် ဆေးရေးအဖွဲ့မှ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်း မြတ်အေးက ‘‘စုံစမ်းစစ်ဆေးမှု အခြေအ‌နေ‌တွေကို နိုင်ငံတော် သမ္မတထံ တင်ပြပေးပါပြီ။ အ ရေးယူမယ့် အပိုင်းတွေကတော့ ဥပဒေတွေ၊ နည်းဥပဒေတွေ၊လုပ် ထုံးလုပ်နည်းတွေနဲ့ သွားရတာ။ သူ့အပိုင်းနဲ့သူသူ့ကဏ္ဍနဲ့သူ ဆက် လက်ဆောင်ရွက်‌နေပါတယ်’’ ဟု ‌ပြောသည်။
ဖားကန့်မြို့နယ် ဝှေခါကျေး ရွာရှိ ဝှေခါမှော်တွင် ဇူလိူင် ၂ရက် က မြေစာပုံပြိုကျခဲ့ရာ လူ ၁၇၀ ကျော်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေ သူအနည်းဆုံး ၂၀ ဦးရှိသည်။
ယင်းဖြစ်စဉ်ကို စုံစမ်းဖော် ထုတ်ရန် သယံဇာတနှင့် သဘာဝ ပတဝန်းကျင် ထိန်းသိမ်းရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၊ လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာဝင်းမြတ်အေးနှင့် ကချင်ပြည် နယ်ဝန်ကြီးချုပ် အပါအဝင် ‌ခြောက်ဦးပါဝင်သည့် စုံစမ်းစစ် ဆေးရေးအဖွဲ့ကို နိုင်ငံတော် သမ္မတဦးဝင်းမြင့်က ဇူလိုင် ၃ ရက်တွင် ဖွဲ့စည်းခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက် တာဝင်းမြတ်‌အေးကမူ စုံစမ်းစစ် ဆေးရေးအဖွဲ့၏ တွေ့ရှိချက်များ မှတစ်ဆင့် တာဝန်ရှိသူများအား အရေးယူမှုများ ပြုလုပ်သွားမည် ဟု ပြောကြားသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ သည် ‌ဝှေခါမှော်‌မြေစာပုံပြိုကျမှု ဖြစ်စဉ်ကို ‌မြေပြင်ကွင်းဆင်းစစ် ဆေးခဲ့ပြီး‌နောက် ‌ရေမဆေးသမား များနှင့်ဆက်စပ်နေသည့် ဒေသခံ ကျောက်အရောင်းအဝယ်ပြုလုပ် သူ (ဒေသအ‌ခေါ် လော်ပန်) ၁၃ ဦးကို ဒေသတွင်းဌာနဆိုင်ရာက အမှုဖွင့်ထားကြောင်း သိရသည်။
အမှန်တကယ် တာဝန်ရှိ သည့် ကုမ္ပဏီများကို အရေးမယူဘဲ ဒေသခံ ၁၃ ဦးအား အမှုဖွင့်ခဲ့ သည်ဟုဆိုကာ အရပ်ဘက်အဖွဲ့အစည်းများက ဝေဖန်ခဲ့‌‌ကြသည်။ ဖားကန့် မြေစာပုံပြိုကျမှု သမိုင်းတွင် အဆိုးရွားဆုံးဖြစ်ခဲ့ သည့် အထက်ပါဖြစ်ရပ်အတွက် အစိုးရအနေဖြင့် တာဝန်ရှိသူအဆင့်ဆင့်ကို အရေးယူရန် လိုအပ်‌ကြောင်း ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားသည်။
crd-7daynews #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment