Monday, August 24, 2020

ကယားပြည်နယ် ဖားဆောင်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘေလီတံတားတစ်စင်း ရေစီးနှင့် မျောပါ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ဩဂုတ်လ(၂၃) ရက်နေ့ ညနေပိုင်းတွင် အချိန်က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေ စီးဆင်းမှုလွန်ကဲသောကြောင့် ခဲမဖြူကျေးရွာမှ ထီးထာ-စောထာလမ်း မိုင်တိုင်အမှတ်၊(၁၆၆/၆ နှင့် ၁၆၆/၇)ကြားရှိ အလျား(၉၀)ပေ၊အရှည်(၁၅)ပေရှိ ဘေလီတံ တားအမှတ်(၁/၁၁၇)မှာ ရေစီးနှင့် မျောပါသွားခဲ့ကြောင်းနှင့် တောင်ငူ-မော်ချီး-ဒီးမော့ဆိုလမ်းပိုင်းထူးချောင်းတံတားအနီး ၁၈၉ ကီလိုမီတာရှိ ၃၃ KV ၊ဓါတ်အားလိုင်း(၂)တိုင်စင်(၁)ခုပြိုလဲမှုကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အလားတူ တောင်ငူ-မော်ချီး-ဒီးမော့ဆိုလမ်းမော်ချီးကျေးရွာအုပ်စု၊မော်ချီး(အောက်ရွာ)ရှိ မိုင်တိုင်အမှတ် ၁၄၉ KM နှင့် ၁၅၀ KM ကြား၊တံတားအမှတ်(၁/၁၁၀)ခန့်မှန်း(၆၀)ပေရှိ(RCC) တံတားမှာ တောင်ကျရေနှင့်အတူပါလာသောခဲ၊သဲ၊ကျောက်ရောနှောများကြောင့် ရေလမ်းကြောင်းပိတ်ဆို့ခြင်း၊ယာဉ်သွားလာမှုနှင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါ တံတားမျောပါမှုအခြေအနေ၊ဓါတ်တိုင်ပြိုလဲမှုအခြေအနေနှင့်တံတားလမ်းပိတ်ဆို့မှု အခြေအနေများကို ဘောလခဲခရိုင်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးသိန်းအောင်၊ ဘောလခဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစောမောရှည်၊ ဖားဆောင်းမြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်မြတ်မိုးတို့က ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဓါတ်တိုင်ပြိုလဲမှုနှင့် တံတားပေါ်တွင်ရေစီးခြင်း၊ သဲ၊ ကျောက်များပိတ်ဆို့မှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဖယ်ရှားရှင်းလင်းမှုများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Source - TimeAyeyar / နန်းသဲနုအောင် (ဖားဆောင်း)

0 comments:

Post a Comment