Wednesday, August 26, 2020

ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြစ်ကမ်းဘေးအနီးကျေးရွာများသို့ရေများဝင်ရောက်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မှာ ဩဂုတ်(၂၄)ရက်နေ့ကစပြီး ဧရာဝတီမြစ်ရေမြင့်တက်လာခဲ့ပါတယ်။ အဲဒီလိုမြစ်ရေမြင့်တက်လာတာကြောင့်မြစ်ကမ်းဘေးအနီးကျေးရွာတွေဖြစ်တဲ့ နန်းတော်ကျွန်းကျေးရွာ ၊ ထူးကျေးရွာ ၊ ငါးခြောက်ကျွန်းကျေးရွာ၊ မြင်းခြံစုကျေးရွာ ၊ ရေချမ်းစင်ကျေးရွာ ၊ အရှေ့လေးအိမ်ကျေးရွာနဲ့ မြစ်ကမ်းဘေးတစ်လျှောက်မြေနိမ့်ပိုင်းကျေးရွာတွေမှာ ဧရာဝတီမြစ်ရေတွေဝင်ရောက်လျက်ရှိနေတယ်လို့သိရပါတယ်။
ဩဂုတ်(၂၆ )ရက်နေ့မှာ ဒုတိယအကြိမ် မြစ်ရေမြင့်တက်လာတာကြောင့် အဲဒီကျေးရွာတွေအတွင်း ရေဝင်ရောက်တာတွေထပ်မံဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူတွေမွေးမြူထားတဲ့ ကျွဲနွားတိရစ္ဆာန်တွေကို ရေလွတ်ရာကုန်းမြင့်နေရာတွေကို ယာယီပြောင်းရွှေ့ထားရတယ်လို့သိရပါတယ်။ လက်ရှိအချိန်အထိတော့ လူနေအိမ်တွေ ပြောင်းရွှေ့ရတာမျိုးမရှိသေးဘူးလို့နန်းတော်ကျွန်းကျေးရွာရှိ ဒေသခံပြည်သူတချို့ကပြောပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment