Thursday, August 6, 2020

နစ်နာခဲ့မှုများအတွက် တရားပြန်စွဲရန် ဗစ်တိုးရီးယားအမှုမှလွတ်မြောက်လာသူ အောင်ကြီး ပြင်ဆင်

ဗစ်တိုးရီးယားကလေးငယ် အမှုကနေ တရားရှင် လွတ်မြောက်ခဲ့တဲ့ အောင်ကြီးဟာ သူနစ်နာခဲ့တာတွေအ တွက် တရားစွဲဖို့ပြင်ဆင်နေပါတယ်။ အောင်ကြီးကို အပြစ်မရှိဘဲ စွပ်စွဲခဲ့တဲ့အတွက် သူရဲ့ ဆုံးရှုံးနစ်နာမှုအတွက် လျော်ကြေးရရှိဖို့ တရားစွဲဆိုမှာဖြစ်တယ်လို့ သူရဲ့တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
အဲဒီလို တရားမမှုနဲ့ တရားစွဲဆိုရင် အောင်ကြီး လွတ်မြောက်ခဲ့တဲ့ နေ့ကစပြီး တစ်နှစ်အတွင်း ဆောင်ရွက်နိုင် တယ်လို့ သိရပါတယ်။ နစ်နာကြေး ကျပ်သိန်း ငါးထောင် ရလိုပါက ခရိုင်တရားရုံးမှာ တရားစွဲဆိုနိုင်ပြီး ကျပ်သိန်း ငါးထောင်အထက် ရလိုပါက တိုင်းတရားလွှတ်တော်မှာ တရားစွဲဆိုမှာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဆိုပါတယ်။
ဗစ်တိုးရီးယားကလေးငယ်ဘက်ကတော့ ဥပဒေလမ်းကြောင်းအရ အမှုအသစ် ထပ်ဖွင့်ထားတာ မရှိသေးဘဲ တာဝန်ရှိသူတွေ ဘယ်လို လုပ်ဆောင်ပေးမလဲဆိုတာကို စောင့်ကြည့်နေတယ်လို့ ကလေးငယ်ဘက်က ကူညီ ပေးနေသူ စာရေးဆရာ သက္ကမိုးညို (ခေါ်) ဒေါက်တာ ဝင်းကိုကိုသိန်းက ပြောပါတယ်။
နေပြည်တော်က သပြေကုန်းမှာ ဖွင့်လှစ်ထားတဲ့ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းမှာ တက်ရောက်နေတဲ့ ဗစ်တိုးရီးယား ကလေးငယ်ဟာ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ် မေ(၁၇)ရက်က လိင်အကြမ်းဖက်ခံရတယ်ဆိုပြီး ကလေးငယ်ရဲ့ မိခင်ကိုယ်တိုင်က အမှုဖွင့် တိုင်တန်းခဲ့တာပါ။ အဲဒီအမှုနဲ့ ပတ်သက်ပြီး သံသယရှိသူ အောင်ကြီးကို ဖမ်းဆီးတရားစွဲဆိုပြီးနောက် ကျူးလွန်သူဖြစ်ကြောင်း သက်သေမပြနိုင်ခဲ့လို့ ခုနစ်လအကြာမှာပဲ တရားရုံးကနေ အောင်ကြီးကို တရားရှင်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ ဗစ်တိုးရီယားအမှုကတော့ လက်ရှိအချိန်ထိ တရားခံ မဖော်ထုတ်နိုင်သေးပါဘူး။
Ref ; One News Myanmar

0 comments:

Post a Comment