Sunday, August 23, 2020

ကူးစက်မှုမြင့်တက်နေသည့် ရခိုင်ပြည်နယ် ကိုဗစ်အခြေအနေ

ရခိုင်ပြည်နယ်တွင် ဒေသတွင်းကိုဗစ်ကူးစက်မှုအဖြစ် သြဂုတ်လ ၁၆ ရက်နေ့တွင် စတင်ခဲ့ပြီး သြဂုတ်လ ၂၂ ရက်နေ့အထိ လူ ၅၁ ဦးအထိ ကူးစက်ခံထားရပြီဖြစ်သည်။ စတင်ကူးစက်ခံရသူများသည် ပြည်ပသို့ ခရီးသွားခြင်း၊ ကိုဗစ်လူနာနှင့် ထိတွေ့ထားခြင်းမရှိဘဲ ကူးစက်ခြင်းဖြစ်ပြီး ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူ များပြားလှသည်။
ပထမပုံတွင် ဖော်ပြထားသည့် လူနာအမှတ် ၃၇၅နှင့် ဆက်စပ်သူများဖြစ်နိုင်သူဟုဆိုသူများမှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က The Voice Journal သို့ ပြော ဆိုချက်ကို အခြေခံထားခြင်းဖြစ်သည်။
လူနာအမှတ် ၃၉၆ ဖြစ်သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ထွေအုပ်ဝန်ထမ်း၏ ကူးစက်ခံရမှု ဖြစ်စဉ်မှာလည်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါဝင်ခြင်းမဟုတ်ဘဲ ဝန်ကြီး ဦးဝင်းမြင့်၏ ပြောဆိုချက်ကို အခြေခံထားခြင်းဖြစ်သည်။
လက်ရှိအချိန်အထိ ကူးစက်ခံထားရသူများတွင် အများပြည်သူနှင့် ဆက်ဆံထိတွေ့ရသူများဖြစ်သည့် ဘဏ်ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ INGO ဝန်ထမ်းများ ပါဝင်နေသည်။ ကူးစက်ခံရသူများတွင် အမျိုးသမီးဦးရေ ပိုမိုများပြားပြီး အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၂၉ ဦးပါဝင်သည်။ အသက်အရွယ် အားဖြင့် ဆိုလျှင်လည်း အသက် ၂၀ နှင့် ၃၀ နှစ်ကြားရှိသူ လူငယ်မှာ ၂၀ ဦးဖြင့် အများဆုံးဖြစ်သည်။
Ref ; The Voice Journal

0 comments:

Post a Comment