Wednesday, August 12, 2020

လူသစ်(၇၀)ရာခိုင်နှုန်းနဲ့ ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည်

ပြည်ခိုင်ဖြိုးပါတီက ဒီနေ့ထုတ်ပြန်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှာ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တွေနဲ့ အခုလွှတ်တော်ကိုယ်စားလှယ် (၃၀)ရာခိုင်နှုန်းပြန်ပါဝင်လာပါတယ်။
ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကတော့ ဇေယျာသီရိမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်ဝင်ပြိုင်မှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်ကဇဗ္ဗူသီရိ၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်က ပုဗ္ဗသီရိ၊ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဝင်းရှိန်က ဥတ္တရသီရိနဲ့ လယ်ဆယ်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်က ဒက္ခိဏသီရိတို့ကနေ ဝင်ပြိုင်ကြမယ်လို့ သိရပါတယ်။
"ဗဟိုအလုပ်မှုဆောင်အတော်များများပြိုင်ပါတယ်။ (၇၀)ရာခိုင်နှုန်းဝန်းကျင်က လူသစ်တွေပါ။"လို့ USDP ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
ပြည်ခိုင်ဖြိုးရဲ့ ကိုယ်စားလှယ်လောင်းစာရင်းမှာတော့ တိုင်းနဲ့ပြည်နယ်ကအသီသီးက မြို့နယ်တွေကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာ(၃၂၀)၊ အမျိုးသားလွှတ်တော် (၁၆၅)နေရာနဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်နေရာ(၆၃၄)နေရာ ဝင်ပြိုင်သွားမှာဖြစ်ပါတယ်။
ပြည်ခိုင်ဖြိုးပါတီဟာ ၂၀၁၀ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး (၈၈၂)နေရာအနိုင်ရခဲ့ပြီးနောက် သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာတော့ ပြည်ခိုင်ဖြိုးဟာ နေရာပေါင်း(၁၁၃၄)ဝင်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်မှာ နေရာ (၃၀)၊ အမျိုးသားလွှတ်တော်မှာ (၁၂)နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်မှာ (၇၁)နေရာပဲ အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။
>>Zawgyi<<
လူသစ်(၇၀)ရာခိုင်နှုန်းနဲ့ ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲ ဝင်ရောက်ယှဉ် ပြိုင်မည်

0 comments:

Post a Comment