Sunday, August 16, 2020

လုံးခင်းကျေးရွာ ဆိုင်းရာရွာသစ်ကျေးရွာ အနောက်ဘက် လုပ်ကွက်ဟောင်းအနီး ကျေးရွာချင်းဆက်လမ်း မြေပြိုကျမှုဖြစ်ပွား

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆိုင်းရာရွာသစ်ကျေးရွာ အနောက်ဘက် ကျေးရွာချင်းဆက် ရွာလမ်းအဝင်ရှိ တစ်သုံးလုံးကုမ္ပဏီလုပ်ကွက်ဟောင်းအနီးတွင် ဩဂုတ် ၁၅ ရက် နံနက် ၇ နာရီက လမ်းမြေပြိုကျမှုဖြစ်ပွားခဲ့၍ ယင်းလမ်းအား ယာယီပိတ်ထားရကြောင်း ကျေးရွာတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါလမ်းမြေပြိုကျသည့်နေရာအထက်ဘက် ပေ ၅၀၀ ခန့်အကွာတွင် အလျား ပေ ၁၀၀ခန့်နှင့် လမ်း အကျယ်ပေ ၃၀ခန့်မှာ အနီးရှိသော "တစ်သုံးလုံး"ကုမ္ပဏီ လုပ်ကွက်ဟောင်းဘက်သို့ပြိုကျမှုဖြစ်ပွားခဲ့ပြီး လမ်းပြိုကျမှုကြောင့် ယင်းလမ်းကို ယာယီပိတ်ထားရကြောင်း လုံးခင်းကျေးရွာအုပ်စု ဆိုင်းရာကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။
Crd : The Standard Time

0 comments:

Post a Comment