Sunday, August 23, 2020

ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ပြီး မြေနိမ့်ပိုင်းလူနေအိမ်များသို့ရေများဝင်ရောက်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ဩဂုတ် ၂၃ ရက် နံနက် ၉ နာရီခွဲအချိန် တိုင်းတာချက်များအရ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၇၈၉ စင်တီမီတာသို့ ကျော်လွန်ရောက်ရှိနေရာ ဘားအံမြို့ မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေများဝင်ရောက်လျက်ရှိသည်။
ထိုသို့ သံလွင်မြစ်ရေကျော်လွန်ဝင်ရောက်မှုအပေါ် ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇေထက်အောင်၊ မြို့နယ်ရဲ တပ်ဖွဲ့မှူး၊ ခရိုင်မီးသတ်တပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးနိုင်ရေး မြေနိမ့်ပိုင်းရပ်ကွက်များသို့ ကွင်းဆင်းကြည့်ရှု့လျက်ရှိပြီး ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇေထက်အောင်က “လက်ရှိ အနေအထားအရ ပြောင်းဖို့ရွှေ့ဖို့ ဘာမှမလိုအပ်သေးပါဘူး လက်ရှိမှာလည်း ကိုဗစ်ကာလဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး ကျွန် တော်တို့က ရေဝင်ရောက်ပြီးတော့ ရွှေ့ပြောင်းရမယ့်အနေအ ထားမျိုးရှိတဲ့အိမ်မျိုးကိုသာ စိစစ်ပြီး စခန်းဖွင့်လက်ခံပေးသွားမှာဖြစ်ပါတယ်၊ တကယ်လို့စခန်းဖွင့်ရပြီဆိုလည်း ကျွန်တော်တို့က ကိုဗစ် ၁၉ ညွှန်ကြားချက်နဲ့အညီ ၆ ပေခြားလေးတွေထားနိုင်ဖို့လည်း စီစဉ်ဆောင် ရွက်ထားပါတယ်၊ ရပ်ကွက်အလိုက်ထားရှိမယ့် ရေဘေးရှောင်စခန်းတွေကိုလည်း သတ်မှတ်ဆောင်ရွက် ထားရှိပါတယ်၊ သက်ဆိုင်ရာဌာနဆိုင်ရာတွေကိုလည်း အသီးသီး တာဝန်ခွဲဝေပေးထားပြီး ဖြစ်ပါတယ်၊ လက်ရှိအနေအထားက စိုးရိမ်စရာမရှိသေးပါဘူး၊ ဒါသည်ပုံမှန်ဝင်ရောက်လေ့ဝင်ရောက်ထရှိတဲ့ အနေအထားပဲဖြစ်ပါတယ် "ဟု ပြောသည်။
အလားတူ ဘားအံခရိုင်မီးသတ်ဦးစီးမှူးက “ပြည်နယ်မီးသတ်ဦးစီးမှူးရဲ့လမ်းညွှန်ချက်နဲ့အညီ ကျွန်တော်တို့ မနေ့ကစပြီး စက်တပ်ဖိုင်ဘာလှေတွေကို ရေဝင်ရောက်နိုင်တဲ့နေရာတွေမှာ အသင့်စောင့်ပြီးတော့ ရှာဖွေကယ် ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ကျွန်တော်တို့တို့ တာဝန်ယူထားလျက်ရှိပါတယ်၊ တပ်ခွဲတစ်ခွဲစာ ၁၁၆ ဦးနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ဖို့ ရည်မှန်ပြီးစုဖွဲ့ထားတာရှိပါတယ်၊ လက်ရှိကတော့ ၃၅ ယောက်ကို အသင့်အနေအထားနဲ့ ရေကြီးနိုင်တဲ့ ရေဝင်နိုင်တဲ့နေရာ တွေမှာ ဆောင်ရွက်ထားပါတယ်” ဟုပြောသည်။
လက်ရှိအနေအထားရ စိုးရိမ်စရာမရှိသော်လည်း မိုးရွာသွန်းလျက်ရှိပြီး တောင်ကျရေများစီးဆင်းလျက်ရှိသည့်အတွက် ၂၄ နာရီရေကင်းချထားပြီး လိုအပ်သည့်အချိန်တွင် ကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ရန် စီမံဆောင်ရွက်ထားကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား ရေဝင်ရောက်မှုအခြေအနေအား နာရီစဉ်တိုင်းသတင်းပို့ရန် ညွှန်ကြားထားကြောင်း သတင်းရရှိသည်။
Ref ; Glamour

0 comments:

Post a Comment