Wednesday, August 19, 2020

ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းများတွင် ဒေါက်တာဘွဲ့၊ မဟာဘွဲ့နှင့် အခြားဘွဲ့ရပညာတတ် ၇၈ ရာခိုင်နှုန်းကျော်ပါဝင်ကာ တပ်မတော်မှအငြိမ်းစားအရာရှိ ကိုယ်စားလှယ်လောင်း ၈၈ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၁၂၉ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းများတွင် ဒေါက်တာဘွဲ့၊ မဟာဘွဲ့နှင့် အခြားဘွဲ့ရပညာတတ် ၇၈ ရာခိုင်နှုန်းကျော်ပါဝင်ကာ ၂၀၁၀ ကစတင်၍ အငြိမ်းစားယူ ခဲ့သည့် တပ်မတော်အရာရှိကိုယ် စားလှယ်လောင်း ၈၈ ဦးအထိ ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြော သည်။
‘‘ဒီတပ်မတော်သားအငြိမ်း စား ၈၈ ဦးဆိုတာက အခုမှ တပ်မ တော်က အငြိမ်းစားယူပြီးတော့ ကျွန်တော်တို့ပါတီကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ပါ ဘူး။ နဂိုကတည်းက အငြိမ်းစား ယူထားပြီး ၂၀၁၀၊ ၂၀၁၅ အဲဒီ ကာလတွေမှာ အငြိမ်းစားယူထား ပြီးတော့မှ အခုလည်း ဒေသခံ ပြည်သူလူထုရဲ့၊ ဒေသခံပါတီရဲ့ ရွေးချယ်မှုအရ ကျွန်တော်တို့ပါ တီမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ် ပါတယ်’’ ဟု ၎င်းက သြဂုတ် ၁၈ ရက်တွင် နေပြည်တော်ရှိ ပြည်ခိုင် ဖြိုးပါတီရုံးချုပ်၌ ပြုလုပ်သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ နှင့်ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်ခဲ့သည့် ကိုယ်စားလှယ် လောင်းများအနက် တပ်မတော်မှ အငြိမ်းစားယူပြီးယှဉ်ပြိုင်သည့်သူ ၉၀ ဦးထိပါဝင်ခဲ့ကြောင်း ဒေါက် တာနန္ဒာလှမြင့်က ရှင်းပြသည်။
၂၀၁၀ မှ ၂၀၁၅ အထိ အငြိမ်းစားယူခဲ့သည့် တပ်မတော် အရာရှိဟောင်း ၈၀ ကျော် ပြန် လည်ပါဝင်နေခြင်းသည် သိပ် မထူးခြားသော်လည်း ၂၀၂၀ တွင် တပ်မတော်မှ အငြိမ်းစားယူ၍ ရွေးကောက်ပွဲတွင် ဝင်ရောက် မယှဉ်ပြိုင်ခြင်းမှာ ကြိုဆိုရမည့် ကိစ္စတစ်ခုဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကပြောသည်။
‘‘တတ်နိုင်လို့ရှိရင် တပ်မ တော်နိုင်ငံရေးအင်အားစုနဲ့ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကြားက အဆက်ဆက်ကို ဖြတ်တောက်ပြီးတော့ ပြည်ခိုင်ဖြိုး ပါတီလည်း သီးခြားနိုင်ငံရေးအင်အားစုတစ်ရပ်အနေနဲ့ ထွက်ပေါ် လာတာကို လိုလားပါတယ်၊ မြင် ချင်ပါတယ်’’ ဟု ၎င်းက ပြော သည်။
လာမည့်ရွေးကောက်ပွဲတွင် တပ်မတော်အရာရှိကြီးဟောင်းများဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌဟောင်း ဦးဌေးဦးမှာ ဧရာ ဝတီတိုင်း ဟင်္သာတမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ပြိုင်မည် ဖြစ်ပြီး လက်ရှိလွှတ်တော်ကိုယ် စားလှယ် ဦးသောင်းအေးသည် ပျော်ဘွယ်မဲဆန္ဒနယ်မှ ဝင်ပြိုင် မည်ဖြစ်သည်။
ပြည်သူလူထုအသံကို နား ထောင်ပြီး ပြည်သူကို ကိုယ်စား ပြု၍ ဒေသခံပြည်သူအကျိုးကို ဆောင်ရွက်ပေးနိုင်မည့် ကိုယ်စား လှယ်လောင်းပုဂ္ဂိုလ်များ ဖြစ်နိုင် စေရန် ဗဟိုကော်မတီအဆင့်တွင် လေးကြိမ်တိတိ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေါက်တာနန္ဒာလှ မြင့်က ဆိုသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအ တွက် သုံးစွဲမည့် အသုံးစရိတ်ကို ပါတီအတွင်းရေးကိစ္စဖြစ်၍ ထုတ် ဖော်ပြောဆိုခြင်းမရှိဘဲ ရွေး ကောက်ပွဲကော်မရှင်က ညွှန် ကြားထားသည့် ရွေးကောက်ပွဲအ သုံးစရိတ်ဥပဒေနှင့်အညီ သုံးစွဲ မည်ဖြစ်ကြောင်း ဒေါက်တာနန္ဒာ လှမြင့်က ရှင်းပြသည်။
‘‘ဘာဖြစ်လို့လဲဆိုတော့ ဥပ ဒေနဲ့မညီဘဲ မတရားမှုတွေနဲ့ ဆောင်ရွက်မယ်ဆိုရင် ကိုယ်စား လှယ်လည်း ဆုံးရှုံးနိုင်သလို ပါတီ အတွက်လည်း ထိခိုက်နိုင်တာဖြစ် တဲ့အတွက် ဒါကို သေသေချာချာ လေးလေးနက်နက် နားလည် တယ်’’ ဟု ၎င်းကပြောသည်။
ရွေးကောက်ပွဲတွင်လည်း အနိုင်ရရှိမည်ဆိုသည့် ယုံကြည် ချက်ဖြင့် ယှဉ်ပြိုင်ခြင်းဖြစ်၍ ရိုးရိုး သားသား ဥပဒေနှင့်အညီ အစွမ်းကုန်ကြိုးစားဆောင်ရွက်မည်ဖြစ် ပြီး ပြည်သူများ၏ ဆန္ဒမဲအပေါ် မူတည်၍ ဖြစ်ပေါ်လာသည့် အခြေအနေတိုင်းကို လက်ခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
၂၀၂၀ အထွေထွေရွေး ကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ၁,၁၂၉ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
၂၀၁၀ နှင့် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ် ၄၉၅ ယောက်သာ (၄၃ ဒသမ ၈၄ ရာခိုင်နှုန်း) ပြန်လည်အရွေးချယ် ခံခဲ့ပြီး မျက်နှာသစ်ကိုယ်စားလှယ် ၆၃၄ ဦး (၅၆ ဒသမ ၁၆) ရာခိုင် နှုန်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း ဒေါက်တာနန္ဒာလှမြင့် က ပြောသည်။
ရွေးကောက်ပွဲတွင် ယှဉ်ပြိုင် မည့် ကိုယ်စားလှယ်လောင်းများ မှာ အသက် (၂၅) နှစ်မှ (၄၀) ကြား ၉၉ ဦး၊ (၄၁) မှ (၆၀) အထိ ၆၆၂ ဦး၊ (၆၁) နှစ်အထက် ၃၆၈ ဦး ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကိုယ်စားလှယ်လောင်းများ အနက် ပညာအရည်အချင်းများ ထဲတွင် ဆရာဝန်နှင့် စာပေ၊ ဒေါက်တာဘွဲ့ရရှိသူ ၆၀ ဦး၊ မဟာဘွဲ့နှင့် အခြားဘွဲ့ရရှိသူ ၈၂၇ ဦးနှင့် အခြားဒီပလိုမာနှင့် အထက်တန်းအောင်မြင်သူ ၂၄၂ ဦး ပါဝင်သည်။
၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် မဲဆန္ဒနယ် ၃၂ဝ ၌ ကိုယ်စားလှယ်ပေါင်း ၁,၁၅၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
လက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်ရွေးချယ်မှုအပိုင်းတွင် ပြဿနာအနည်းဆုံး၊ ပွတ်တိုက်မှုအနည်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ခဲ့ကြောင်းလည်း ၎င်းက ပြောကြားထားသည်။

0 comments:

Post a Comment