Saturday, August 22, 2020

စစ်တွေမြို့ ဘင်္ဂါလီဒုက္ခသည်စခန်း၌ မီးလောင်မှုဖြစ်ပွားပြီး ၁ လခွဲအရွယ် ကလေးငယ်တစ်ဦး သေဆုံး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အုန်းတောကြီး(မြောက်)ရှိ ဘင်္ဂါလီဒုက္ခသည်စခန်း ရှိ ဦးဖူဒီးယား(ဘ)မာမွတ်စီးတီး နေထိုင်သည့် အဆောင်အမှတ်၊ (၁၂၄)၊ အခန်း(၂)အတွင်း အသုံးပြုလျက်ရှိသော ထင်းမီးဖိုမှတစ်ဆင့် သြဂုတ် ၂၀ ရက် ညနေ ၆ နာရီ ၁၀ မိနစ်ခန့်တွင် မီးလောင်မှုစတင်ဖြစ်ပွားခဲ့သဖြင့် စစ်တွေမြို့နယ်မှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၄ စီးဖြင့် သွားရောက်ငြိမ်းသတ်ခဲ့သဖြင့် ညနေ ၆ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် ဒုက္ခသည်စခန်း လူနေအဆောင် ၇ လုံး လောင်ကျွမ်းပျက်စီးခဲ့ပြီး ဦးဖူဒီးယား၏ ၁ လခွဲအရွယ် သမီး ၁ ဦး သေဆုံးခဲ့ကြောင်းနှင့် မီးလောင်ကျွမ်းသွားသော အဆောင်များတွင် နေထိုင်သူ အိမ်ထောင်စု ၅၆ စု၊ အမျိုးသား ၁၀၄ ဦး၊ အမျိုးသမီး ၁၂၃ ဦးတို့အား ဒုက္ခသည်စခန်းအတွင်းရှိ စာသင်ကျောင်း၌ ယာယီနေရာချပေးထားကြောင်း သိရှိရသည်။
မီးပေါ့ဆစွာ သုံးစွဲသူ ဦးဖူဒီးယားအား တရားဥ့ပဒေအရ အရေးယူနိုင်ရေးဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်မှသတင်းအရ သိရသည်။
>>zawgyi<<

0 comments:

Post a Comment