Wednesday, August 26, 2020

မူဆယ်မြို့တွင် အမည်မသိလူနှစ်ဦးမှ နေအိမ်အထိလာကာ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

မူဆယ်မြို့တွင် အမည်မသိ လူနှစ်ဦးမှ မနေ့က သြဂုတ်လ ၂၅ ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်ဖြင့် နေအိမ်အထိလာကာ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မူဆယ်မြို့၊ ခရစ်ယာန်ရပ်ကွက်ရှိ နေအိမ်တစ်လုံးသို့ ဘောင်းဘီအပြာရောင်၊အနွေးထည်အက်ျီလက်ရှည်၊ဦးထုပ်အနီဆောင်းပြီး Mask တပ်ထားသူက မောင်းနှင်ကာ ဘောင်းဘီအနက်၊အက်ျီအပြာအကွက်ကြား၊ဦးထုပ်အနက်ဆောင်ထားသူ Mask တပ်ထားသူကအနောက်မှထိုင်စီးလာ၍ 125 ဆိုင်ကယ်မောင်းနှင်လာပြီး သေနတ်ဖြင့် ၃ ချက်ခန့် ပစ်ခတ်ထွက်ပြေးသွားကြောင်း သိရသည်။
" ကျွန်တော်နေနဲ့ ဖြေပိုင်ခွင့် မရှိပါဘူး။ ဖြစ်ပွားတာကတော့ ဟုတ်ပါတယ်" ဟု မူဆယ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ပြောပါတယ်။
သေနတ်ဖြင့် ပစ်ခံရသောကြောင့် ဘယ်ဘက်ရင်အုံ ၁ ချက်၊ ဘယ်ဘက်ဘိုက် ၁ ချက်၊ညာဘက်နံဘေး ၁ ချက် ထိမှန်၍ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
သေနတ်ဖြင့် ပစ်ခံရသောသူသည် အသက် ၅၇ နှစ်ရှိသည့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများမှ စုံစမ်းစစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment